First Person - 8

971 76 4
                                    

မနက် 7:00 နာရီ ရှိနေသော်လည်း မိုးအုံနေသောရာသီ
ဥတု နဲ့ အရင်ထဲကနေရောင်မဝင်သောအခန်းကြောင့်
ပိုပြီးမှောင်နေသောပတ်ဝန်းကျင်နဲ့အတူ Kyungsoo
နိုးလာတော့ ဘေးနားမှာ Chanyeol ရှိမနေခဲ့ဘူး !!

ဘေးနားမှာကျနေသော အကျီင်္တစ်ခုကိုကောက်ဝတ်လိုက်
ကာ အိပ်ယာပေါ်ကထလိုက်ပြီး အနက်ရောင်လိုက်ကာစ
ကို အလင်းရောင်ရအောင် ဆွဲကာဖယ်လိုက်သည် !
အညိုရောင်မိုးသားတို့ကြီးစိုးနေသော ကောင်းကင်မှာ
နေရောင်ချည်လုံးဝရှိမနေခဲ့ဘူး !!  တစ်ကိုယ်လုံးညီးစီစီ
ဖြင့် စေးကပ်မှုတွေအတွက် Kyungsoo
bathroomထဲဝင်လိုက်ကာ ရေချိုးလိုက်သည် !
ခြေထောက်ကပတ်တီးစကိုအကုန်ဖြုတ်လိုက်ပြီး သိပ်မနာ
တော့တဲ့ သူ့ခြေထောက်အတွက် နောက်ထပ်ပတ်တီးစ
ကိုစည်းမနေတော့ဘူး !!

အဖြူရောင်bathrobe တစ်ခုကိုဝတ်လိုက်ကာ ခါးစည်း
ကြိုးအားတင်းကျပ်စွာ ချည်နှောင်လိုက်သည် !! အရင်က
ထက်လန်းဆန်းသွားသော ခန္ဓာကိုယ်နဲ့အတူ အောက်ဆုံး
ထပ်ကို သူဆင်းလိုက်တော့ Kitchen room ထဲမှာ
အလုပ်ရှုပ်နေသော Jongin က သူလာတာကို မြင်တော့
လှည့်ကြည့်လာသည် !!

သူ့ကိုတမင်များ အသေသတ်ဖို့ကြံနေသော ကောင်လေး
ကဘာစိတ်ကူးပေါက်ပြီး Bathrobe တစ်ခုထဲနဲ့ ဆင်း
လာရတာလဲ ?? ဖြူဥနေသော ရင်ဘက်တစ်ဝက်လောက်
ကပေါ်နေပြီး ! မြင်နေရသော Marking ရာများကြောင့်
Jongin နှလုံးသားတွေ သွေးစိမ်းရှင်ရှင်ထွက်နေသော်
လည်း ဟန်ဆောင်ကောင်းတဲ့ သူ့အဖို့ကတော့ ဘာမှမ
ဖြစ်သလို နေလိုက်သည် !! 

ကျေးဇူးပြုပြီး မင်းပျော်ရွှင်နေတဲ့အကြောင်း
ကိုယ့်ကိုမပြောပါနဲ့ !!!

"    မနက်စာ စားတော့မလား ?   "

သူ့ကိုဘာမှပြန်မပြောပဲ ထိုင်ခုံမှာထိုင်လိုက်သော
Kyungsoo ကြောင့် Jongin သက်ပျင်းအနည်းချ
လိုက်မိသည် ! ဒီအခြေအနေတစ်ခုဟာ သူ့အတွက်တော့
တကယ်ပဲ စိတ်ဒုက္ခရောက်စေတယ် !

"    ငါ့ကိုကော်ဖီပေး Jongin ! "

လွန်ဆန်လို့မရသော စေခိုင်းမှုအတွက် သူအခုလို လုပ်
ပေးနေရကို ကျေနပ်နေတယ်ဆိုရင် သူဟာတကယ်ပဲ
အစေခံတစ်ယောက်ဖြစ်နေခဲ့ပြီလား ??  သူမသိလိုက်ခင်
ဆုံးရှုံးသွားသော နှလုံးသားဟာ ရုန်းလေနစ်လေ နွံထဲမှာ
ပိတ်မိနေခဲ့ပြီလား ??  သူဘာဆက်လုပ်သင့်တယ်
တကယ်ပဲ မသိတော့သလို အချစ်တစ်ခုအတွက်လည်း
မျက်ကန်းတစ္ဆေမဖြစ်ချင်ဘူး !!

First Person (  ပထမလူ )Where stories live. Discover now