29

89 12 0
                                    

ည 2:00 ကျော်ရောပေါ့ !! မူမမှန်သော ကျွန်တော်ရဲ့
အိပ်ချိန်တွေအား ဂရုမစိုက်မိတာ လူတစ်ယောက်အား စ
တင်ချစ်မိကတည်းကဆိုပါတော့ **  အိပ်ယာပေါ်ကနေ
အလူးအလဲထရင်း ကုတင်အောက်က ဆိုဂျူးတစ်ပုလင်း
ကို ယူကာ အပြင်ကိုထွက်လာတော့ အမှောင်ကျနေတဲ့
ဧည့်ခန်းမီး ကိုမထွန်းပဲ ညမီးလုံးလေးတစ်ခုသာထွန်း
လိုက်ပြီး  Kitchen room ထဲဝင်လာတော့ မှောင်ပြ
ပြမီးရောင်ကြောင့် Jongin ခြေလှမ်းတွေ နှေးသွားခဲ့
သည် ………

Chanyeol ? ဟုတ်တာပေါ့ Chanyeol … ဒီအချိန်
ကြီး ဘာလို့သောက်နေတာလဲ ?? တကယ်ဆို လက်ထပ်
ပွဲလုပ်ရမယ့်လူတစ်ယောက်က ပျော်နေရမှာလေ ……
အရက်တစ်ခွက်ပြီးတစ်ခွက် စိမ်ပြေလပြေ အရသာခံ
သောက်နေသော Yeol ရဲ့လက်ထဲက ခွက်ကို Jongin
ဆွဲယူလိုက်ရင်း … ကျန်တဲ့အရက်ကိုမော့သောက်လိုက်
သည် …

သူ့လက်ထဲက အရက်ခွက်ကို ယူသွားသော Jongin
ကို Yeol စိတ်ပျက်စွာကြည့်လိုက်ပြီး ……

"   မင်းလည်း အိပ်မပျော်ဘူးလား    "

"   ဆိုပါတော့ … ညတိုင်းပဲ    "

Jongin Yeol နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ကာ
သူ့လက်ထဲက ဆိုဂျူးတွေကို ဖန်ခွက်ထဲထည့်ကာ တစ်
ချိုက်မော့လိုက်သည် …… လည်ပင်းထဲကနေ ပူလောင်
စွာဆင်းသွားသော ခံစားမှုက တကယ်ပဲ ခံစားလို့ကောင်း
တယ် ……

"   မင်းလိုအမြဲတမ်း ကံကောင်းနေတဲ့လူကို အခုလို
စိတ်ညစ်ပြနေတော့ ! ငါကသေဖို့ပဲကောင်းတယ်   "

"   ငါ့ကိုအားကျနေတာလား ?   "

"    ဖြစ်နိုင်ပါတယ် … ဒါပေမဲ့အကုန်တော့မဟုတ်ဘူး "

"    Huk  *  ငါကမင်းကိုအားကျတယ် ~   "

Jongin က ခပ်လှောင်လှောင်ရယ်လိုက်ရင်း …… သူ့
ဘဝမှာ ဒီလောက်ရယ်ရတဲ့ဟာသမျိုး အခုမှပဲ ကြားရ
တော့တယ် … Chanyeol လိုလူက ငါ့ကိုအားကျတယ်
နားကြားများမှားတာလား ? ဒီကောင်အရက်မူးပြီး ရူးသွား
တာလား ?

"    Soo ~ ကမင်းကိုတကယ်ခင်တွယ်နေတာ … ငယ်
ငယ်ထဲမှာ သူ့မှာ သူငယ်ချင်းဆိုတာ ဘာမှန်းတောင်မသိ
ပဲ နေ့တိုင်းငိုခဲ့ရတဲ့ကလေးက အခုမင်းကြောင့် ပြုံးရယ်နေ
တာမြင်ရတော့  သူမင်းကိုတကယ်ပဲ ခင်တွယ်နေပါလား
ဆိုပြီး ငါတွေးမိတယ်    "

First Person (  ပထမလူ )Where stories live. Discover now