12

93 13 1
                                    

"  Pa !  Pa !  ကျွန်တော့်ကိုလွှတ်ပေးပါ   "

ဒုန်း !!  ဒုန်း  !!   ဒုန်း   !!

မှောင်မဲနေသော မြေအောက်ခန်းထဲကနေ Kyungsoo
အခန်းတံခါးကို အကြိမ်များစွာ ထုရိုက်နေသော်လည်း
ဘယ်သူမှ သူ့ဆီရောက်မလာခဲ့ဘူး !! တကျွီကျွီမြည်နေ
သော ကြွက်သံတွေကသိပ်ကြောက်ဖို့မကောင်းသော်
လည်း သူအမှောင်ကိုကြောက်သည် ! ဒီတစ်ခါမရိုက်နက်
ပဲ သူ့ကိုဘာလို့ပိတ်ထားတာလဲ ? တစ်ခါထဲသေအောင်
လား ?

Chanyeol Kyungsoo ကိုပိတ်ထားသော တံခါး
ရှေ့ရပ်ကာ ငြိမ်သက်နေသည် ! ဟုတ်တယ် Soo ကို
အခုလိုဖြစ်အောင်လုပ်လိုက်တာ သူကိုယ်တိုင်ပဲ ! သက်
ပြင်းကိုခပ်ဖွဖွချရင်း အခန်းတံခါးဝကနေ ထွက်သွားသည်!

ညနေ 6:40 ရှိပြီ တိတိကျကျ ပြောရရင် sooအခန်းထဲ
မှာအပိတ်ခံထားရတာ 8နာရီကျော်ခဲ့ပြီ ဘာမှလည်းမစား
ရသလို အမှောင်ထဲမှာ ခြောက်ခြားစွာ နေနေရတယ် ~

အနက်ရောင်မှန်လုံကားတစ်စီး အိမ်ရှေ့ရောက်လာတာနဲ့
Chanyeol Mr.Do လက်ထဲက လက်ဆွဲအိတ်ကို
လှမ်းယူလိုက်သည် !

"    ပြန်လာပြီလား သခင် !   "

"    အင်း ~ Kyungsoo ရော ?   "

"    အခန်းထဲမှာရှိပါတယ် !  "

"     ဒါဆိုငါ့အခန်းထဲခဏလိုက်ခဲ့ဦး Chanyeol  "

Chanyeol Mr.Do ပြောတဲ့စကားကိုခေါင်းငြိမ့်ပြကာ
လက်ထဲက Phဖြင့်တစ်နေရာရာကို message ပို့လိုက်
သည် ! ဒါကတော့ အခန်းမှာသူပိတ်ထားတဲ့ Soo ကို
လွတ်ပေးဖို့ပဲ !!  တိတ်တဆိတ် Chanyeol Mr.do
အနောက်ကိုလိုက်သွားတယ် !!

"   ပြော ? Chanyeol မင်းနဲ့ငါ့သားကဘာတွေလဲ  "

"   Soo ကသခင့်သား အရင်းမှမဟုတ်တာ   ?  "

"  ဒါဆိုနောက်တစ်ခုမေးတာပေါ့ ငါကမင်းအတွက်ဘာလဲ

Chanyeol ခပ်မဲ့မဲ့ပြုံးလိုက်ရင်း အပြင်ကိုအကဲခက်
လိုက်သည် ! သူဟထားခဲ့တဲ့ တံခါးမှာနားထောင်မဲ့လူ
ကအခုထိရောက်မလာသေးတာ စိတ်ပျက်စရာပဲ !!
ဒါကြောင့် သူအချိန်ဆွဲတဲ့အနေနဲ့ Mr Do ရဲ့ နီညို
ရောင်ဆံပင်တွေကိုသပ်တင်လိုက်သည် ! အသက် 30
သာသာလေးသာရှိသေးသော BLACK ရဲ့ CEO က
အတော်လေးကို ချောသလောက် ရက်စက်ပြီး နှိပ်စက်
တဲ့နေရာမှာပြိုင်စံရှားပဲ ! ဒီလိုလူတစ်ယောက်က သူ့ဆီက
အဖြေတစ်ခုကို မျော်လင့်တကြီးစောင့်စားနေတယ်ဆို
တာ Pack Chanyeol တို့အတွက်ဂုဏ်ယူစရာ
ပေါ့ !! ဟုတ်တယ်မှတ်လား ?

First Person (  ပထမလူ )Where stories live. Discover now