First Person - 21

636 54 0
                                    

ကိုယ့်စိတ်နဲ့ဆို မင်းအနားကပ်နေတဲ့အကောင်ကို မောင်း
ထုတ်လို့ရတယ် Soo ဒါပေမဲ့ မင်းစိတ်ချမ်းသာပါစေ
တော့ဆိုပြီး ကိုယ်မြိုသိပ်နေတာ ~ အခုတော့ ကိုယ့်ဘက်
မှာတောင် ရှိမနေတော့တဲ့ မင်းကို ဘယ်လိုဆွဲထားရမလဲ
မသိတော့ဘူး !!

" Soo ~ မင်းဒါသက်သက်မဲ့ ကိုယ့်ကိုရစ်နေတာပဲ "

" ရစ်နေတာဟုတ်လား ? တစ်နေ့လုံး ph ဆက်တာ
ကိုမကိုင်တာဘယ်သူလဲ ! message အကြောင်း 20
လောက်ပို့ထားတာကို ဘာမှမပြောဘူး !! အခုပြန်လာ
တော့ အိမ်ပေါ်မိန်းမတစ်ယောက်ရောက်နေတယ် ! ဒါက
ရစ်နေတာလား ? Yeol "

" ဒါဆို ကိုယ်နေမကောင်းဘူးလို့ပြောတာတောင် ဘာ
လို့ပြန်မလာတာလဲ ? မင်းသိပ်ပျော်နေတယ်မှတ်လား "

" ဟုတ်တယ် ! ဒီနေ့အရမ်းကိုလွတ်လပ်နေခဲ့တာ ~
တစ်ခါမှ Yeol ဆီကမရဘူးတဲ့ ပျော်ရွှင်မှုကို ရနေခဲ့တာ
ရပြီလား !!! "

" Do Kyung Soo ! တောက် ... "

" Yeol ~ ကျွန်တော့်ကိုစိတ်ကုန်နေပြီမှတ်လား ?
ဒါကြောင့်အမြဲတမ်း ပြသနာရှာနေတာ ဟုတ်တယ်မှတ်
လား ? ဖြစ်သင့်ပါတယ် ဘယ်သူက စိတ်ရောဂါသည်တစ်
ယောက်ကို အနားမှာထားချင်ပါ့မလဲ ? အီးးးးးးဟီးးးးးး
Yeol အမြဲတမ်း ~~~ ဟင့် ~~~~ "

မျက်ရည်တွေကျလာပြီး ဘာမှဆက်ပြောလို့မရတဲ့ စကား
သံတွေကြောင့် Kyungsoo ~ သူအရှေ့က Yeol
ကို တွန်းဖယ်ကာ အပေါ်ထပ်ကို ပြေးတက်သွားသည် !

" မင်းကြောင့် ! အဲ့ဒါ မင်းကြောင့် Jongin ~ မင်း
သာမရှိရင် ငါတို့နှစ်ယောက်အေးအေးချမ်းချမ်းဖြစ်နေခဲ့
မှာ ~ "

တကယ်လို့သာ ခင်များဆီက Soo ကိုဆွဲထုတ်လို့ရရင်
ခင်များထက်မလျော့တဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပါတယ် စိတ်
မပူနဲ့ !! Huk ~

Chanyeol သူပြောတဲ့စကားကို ခပ်ရွဲ့ရွဲ့အပြုံးဖြင့်
ဘာမှမဖြစ်သလို နေနေသော Jongin ကြောင့် သူ့
လက်ချောင်းတွေကိုတင်းကျပ်စွာဆုတ်ကိုင်လိုက်ပြီး
မျက်နှာကို ခပ်ပြင်းပြင်းထိုးချလိုက်သည် !!

မင်းစိတ်ချမ်းသာအောင် ငါတို့နှစ်ယောက်က မင်းထင်
ထားသလို ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး !! မင်းက
တော့ တစ်သက်လုံး အိမ်မက်ကိုမက်နေပေါ့ကွာ Huk !

First Person (  ပထမလူ )Where stories live. Discover now