24

91 13 1
                                    

Soo သူချစ်တဲ့လူပေးတဲ့လက်စွပ်လေးကိုကြည့်ကာတပြုံး
ပြုံးဖြင့် သူဘယ်အထိပျော်ရွှင်နေလဲဆိုတာ ကြည့်နေ
တဲ့ ကျွန်တော့်ရင်ဘက်တွေအသက်ရှူကျပ်လာသည် …

အရောင်စုံမီးပန်းတွေရဲ့အောက်မှာ ဖက်တွယ်ရင်း နမ်းရှိုက်
နေတဲ့ လူနှစ်ယောက်ကိုကျွန်တော် အမှောင်ထဲကနေ ငေး
ကြည့်နေမိတယ် … အခန်းထဲပြည့်နက်နေသော လက်
ခုတ်သံတွေနဲ့ ဂုဏ်ပြုစကားတွေကတော့ နာကျင်နေတဲ့
ကျွန်တော့်ကို သိပုံတောင်မပေါ်ဘူး !!

Ahh ~ နာကျင်လိုက်တာလို့တွေးရင်း ဘယ်ဘက်ရင်
ဘက်နေရာကို ဆုပ်ကိုင်လိုက်ရင်း မျက်လုံးထဲက ကျလု
လုမျက်ရည်တွေအားထိန်းချုပ်လိုက်သည် …

မပိုင်ဆိုင်ရသော်လည်း ကျွန်တော်ချစ်တဲ့လူအတွက် နှလုံး
သားတစ်ခုလုံးရင်း ၍ဂုဏ်ပြုပေးချင်ပါတယ် … 

Chanyeol တို့နှစ်ယောက်ကိုဂုဏ်ပြုပေးနေတဲ့ လူအ
များကြားကနေ ကျွန်တော်ရုန်းထွက်ကာ အဝေးဆုံးကို
ထွက်ပြေးမိသည် … နာကျင်မှုတွေကနေ ထွက်ပြေးမိ
သည် …အနည်းဆုံးတော့ ကိုယ့်ကိုပြန်မချစ်နိုင်ရင်တောင်
ဒီညလိုက်ခဲ့ပါလို့ မခေါ်သင့်ဘူး Soo …

ဘယ်လောက်အထိကိုယ်မင်းကိုဆက်ချစ်နိုင်မလဲ ? လူ
တစ်ယောက်ကို ပထမဆုံးချစ်ဖူးတဲ့ကိုယ့်အတွက်တော့
တကယ်ပဲမသိဘူး … ကိုယ်မင်းကိုဘယ်အထိဆက်ချစ်
နေနိုင်မလဲ ??

နေရောင်ခြည်နဲ့တူတဲ့ကောင်လေးတစ်ယောက် မနက်ခင်း
အမှောင်ကျနေတဲ့ ကျွန်တော့်ကမ႓ာကိုတံခါးလာခေါက်
တယ် ပြီးတော့ ခွင့်မတောင်းပဲဝင်လာတယ် … ပြီးတော့
ပြန်ထွက်သွားတယ် … ခြေရာတွေကျန်ခဲ့သော ကိုယ့်
ကမ႓ာကကြယ်တွေကတော့ မင်းအလင်းရောင်နဲ့တောက်
ပနေတုန်း မြေပေါ်ကြွေဆင်းကုန်တယ် … ဝဋ်ကျွေးတွေက
သိပ်ကြီးတော့ ဆုတောင်းတောင် မပြည့်တော့ဘူး !!

အရန်လူအဖြစ်တောင်ဘောင်မဝင်တဲ့ မင်းကမ႓ာမှာတိုက်
ခက်သွားတဲ့လေညှင်းရဲ့ အေးမြမှုကြောင့် ကျေနပ်တယ်ဆို
ရင်ပဲ ကိုယ်ကျေနပ်ပါတယ် … ဒီလိုနဲ့ … တစ်ဖက်သက်
ပြီးဆုံးသွားတဲ့အချစ်တွေအကြောင်း …

First Person (  ပထမလူ )Where stories live. Discover now