First Person -17

622 60 0
                                    

ဂျောက် ~~  Kyungsoo အခန်းထဲကိုဝင်လိုက်တော့
ရုံးသွားဖို့ နက်ကတိုင်စည်းနေသော YEOL က သူဝင်
လာတာမြင်တော့ မျက်နှာပျက်သွားတာ သိလိုက်တယ်~

"   ကျွန်တော်စည်းပေးမယ်လေ ~  "

"   Huk ! မင်းကောင်ကို သေချာဆေးထည့်ပေးရဲ့လား"

Kyungsoo  သူ့ကိုဒေါသထွက်နေသော YEOL
ကြောင့် လက်ထဲကဆေးသေတ္တာကို အိပ်ယာပေါ်တင်
လိုက်ပြီး အနားကိုသွားကာ ရင်ဘက်ကကြယ်သီးလေး
တွေကို ဖြေးဖြေးချင်းတပ်ပေးလိုက်သည် !!  ဒါကိုစိတ်မ
ရှည်စွာ သူ့လက်တွေကိုဖြုတ်ချပြီး ကိုယ့်ဟာကိုတပ်နေ
သော Yeol ကြောင့် Kyungsoo မျက်နှာလေး ညိုး
စွာ ဘာမှမပြောပဲရပ်နေလိုက်သည် ~

"   ဆေးသေတ္တာကဘာလုပ်တာလဲ   "

"    Yeol လက်ကိုဆေးထည့်ပေးမလို့   "

"     မဆိုးပါဘူး ! မင်းကိုယ့်ကိုသတိရသားပဲ ~   "

အစထဲကအရင်မြင်တာ YEOL ကိုပါ jongin မဟုတ်
ဘူး ! အဲ့လက်ကဒဏ်ရာကိုအစထဲက အရင်မြင်ခဲ့တာ~

Kyungsoo ဒဏ်ရာဖြစ်နေတဲ့ ညာဘက်လက်လေးကို
ယူလိုက်ကာ သွေးထွက်နေတဲ့ နေရာလေးတွေကို လေ
ဖြင့်ခပ်ဖွဖွလေး မှုတ်လိုက်သည် ! !

အခုတကယ်ပဲ Soo လား ? ဒါမှမဟုတ် သခင်မသေခင်
တုန်းက အခြေအနေပြန်ရောက်သွားတာလား ? ဟုတ်မှာ
ပါ ဒါကြောင့် သူဒေါသတကြီးပြောနေတာတောင် ဘာမှ
ပြန်မပြောတာ~  တကယ်လို့ လက်ရှိအခြေအနေမှာဆို
Soo ကသူ့ကိုအခုလိုညင်ညင်သာသာဆက်ဆံမှာမဟုတ်
ပဲ သွေးအေးနေအုံးမှာပဲ !!

"    Soo ~ အခု  !  ဟို ~   "

သူဘယ်လိုမေးရမလဲ ? Pa ကိုသတိရလားလို့မေးရမှာ
လား ? စားမေးပွဲဖြေနိုင်မလားလို့မေးရမှာလား ? မဟုတ်
သေးပါဘူး !!!

"    ဘာလို့လဲ Yeol ?   "

Chanyeol သူ့ကိုမျက်နှာငယ်လေးဖြင့် နားမလည်သ
လို မေးနေသော Soo ကြောင့် သူဘယ်လိုအဖြေရှာရမ
လဲ အသေအကြေစဉ်းစားနေသော်လည်း ဘယ်လိုမေးရ
မလဲမသိဘူး !! မသိဘူးကွာ အလိုက်အထိုက်ဆက်ဆံရ
မှာပဲ !!

"    Soo ~ ဆေးသောက်ပြီးပြီလား ?   "

"    အဲ့ဆေးပဲသောက်ခိုင်းနေတာပဲ ညီးငွေ့နေပြီ   "

First Person (  ပထမလူ )Where stories live. Discover now