First Person - 11

693 59 1
                                    

လွန်ခဲ့တဲ့ 5 နှစ် December 21  ကျွန်တော်ကျောင်း
ကပြန်လာတော့ Yeol ကိုလိုက်ရှာနေခဲ့တယ် ~ ဘာလို့
ဆို ဒီနေ့အမှတ်စာရင်းသိရတယ်လေ ~ အမှတ်များလို့
Yeol ဆီက တော်လိုက်တာဆိုပြီး ချီးကျူးသံနဲ့အတူ
အနမ်းတစ်ပွင့် လိုချင်ခဲ့တယ် ~

Pa Japan ကိုသွားထဲက အိမ်မှာလာနေတဲ့ Yeol
ရင်ခွင်ထဲမှာ ညတိုင်းအမြဲအိပ်နေရတာ ဘယ်လောက်
ပျော်စရာကောင်းလဲ ? ဒီထက်ပျော်စရာကောင်းတာက
ကျွန်တော့်ကိုရိုက်နက်နေကျ Pa မရှိဘူးလေ ~~

အပေါ်ထပ် နဲ့ အောက်ထပ်ကို တစ်ခန်းဝင် တစ်ခန်းထွက်
လိုက်ရှာနေတဲ့ Kyungsoo ခြေလှမ်းတွေဟာ အခန်း
တစ်ခုမရောက်မှာ ရပ်တန့်သွားတယ် !

ခွမ်း ဆိုတဲ့ ဖန်ကွဲသံကြောင့် တံခါးချပ်ကို အနည်းငယ်
ဟကြည့်လိုက်တာနဲ့ သူ့ခြေထောက်တွေ ရပ်နိုင်ခွင့်မ
ရှိတော့ဘူး ! ပြီးတော့မျက်ရည်တွေရောပေါ့ !

"   ဘယ်သူလဲ  !!   "

ခပ်သြသြအသံတစ်ခု အခန်းထဲကနေ အော်ပြောလိုက်
တာကြောင့် ကြောက်လန့်တစ်ကြား ကြမ်းပြင်ပေါ်ကျနေ
တဲ့ လွယ်အိတ်ကို ကောက်ယူပြီး အိမ်အောက်ထပ်ကို
အမြန်ပြေးဆင်းလိုက်ပြီး အိပ်သာထဲကို သူအမြန်ပြေး
ဝင်ကာ သူဂျက်ထိုးလိုက်တယ် !!

မဖြစ်နိုင်ပါဘူး !!  မဖြစ်နိုင်ပါဘူး !!  တုန်ရီနေသောလက်
တွေနဲ့ ကျဆင်းနေသော မျက်ရည်တွေ က သူ့နှလုံးသား
နာကျင်မှုထက်စာရင် သေးငယ်လွန်းတဲ့ ပြရုပ်တစ်ခုပဲ !
မဖြစ်နိုင်ပါဘူး ! မနေ့ကတောင် YEOL က သူ့ကိုချစ်
တယ် ပြောခဲ့သေးတာ ~  မဖြစ်နိုင်ပါဘူး ! မနက်တုန်း
ကတောင် သူ့ကိုကျောင်းလိုက်ပို့ခဲ့တာလေ ~
ဟား >>>>> ငါမျက်စိမှားတာနေမှာပါ !!!

မိဘမရှိဘူး  မဟုတ်ဘူး ဘယ်သူမှမရှိခဲ့ဘူး သူ့ဘဝမှာ
နေ့တိုင်းအခန်းထဲပိန်လှောင်နှိပ်စက်မှုတွေနဲ့ နေသား
ကျပြီး မျက်နှာက ဒဏ်ရာတွေဆိုဘယ်တော့မှ ပျောက်
လေ့မရှိဘူး ! ကျောင်းမှာလည်း BLACK ကသားမို့
သူ့ကိုဘယ်သူမှ အခေါ်အပြောမလုပ်တဲ့ အပယ်ခံတစ်
ယောက် !!  သူ့မှာမျော်လင့်ချက်တစ်ခုထဲ ရှိခဲ့တာ ~~

နေ့တိုင်း Yeol ကသူ့ကိုပုံပြင်တွေပြောပြတယ် ~
ကျောင်းစာကြိုးစားသင့်ကြောင်း တစ်ဖွဖွပြောတယ် ~
ဘယ်သူမှမရှိရင်တောင် သူ့ဘက်မှာ YEOL ရှိနေရင်
သူအဆင်ပြေမယ်ထင်ခဲ့ပြီး သူရပ်တည်ခဲ့တာ !!!

First Person (  ပထမလူ )Where stories live. Discover now