33

158 15 9
                                    

August 28
four Day

လွမ်းဆွတ်ခြင်းတွေရဲ့ကိုယ်စားပြု အဖြူရောင် ဂန္ဓမာပန်း
လေးတစ်ပွင့်ကို မြက်ပင်တွေတညီတညာထဲပေါက်နေတဲ့
မြေပုံလေးပေါ် ကျွန်တော်ချလိုက်ရင်း ……

"   ကျွန်တော်လာလည်တာ Darling ~~   "

5 နှစ်နေမှ လာလည်တဲ့အတွက်  Daling ကျေနပ်မယ်
ထင်ပါတယ် … ဒီနေ့မှာ 5နှစ်မြောက်ထောင်ကထွက်လာ
မဲ့လာတစ်ယောက်က ပြန်မလာတဲ့အတွက် ဘေးကလူ
တွေက Darling သေဆုံးပြီလို့ပြောတဲ့အချိန် မျက်ရည်
လေးစမ်းစမ်း စမ်းစမ်း နဲ့ လာတဲ့ လူတစ်ယောက်လို ့
Darling ယုံပေးပါ ……

Darling စိတ်တိုင်းကျ  လာမတွေ့နဲ့ဆိုလို့ အခုတော့
ပြန်မလာတဲ့ Darling ကို ကျွန်တော်လာတွေ့တာပါ …

Darling က ကျွန်တော် Jongin ကိုချစ်ဖို့ မျော်လင့်
ထားပါလား ?  အင်း ……… အရူးတစ်ယောက်လို ဂရု
စိုက်နေတဲ့ သူ့ရဲ့ချစ်ခြင်းတရားတွေဟာ ကျွန်တော့်ကို
တုန်လှုပ်စေပါတယ် ……

ဒါမှမဟုတ်  Darling မှာခဲ့သလို … ကျွန်တော့်ကို တစ်
ယောက်ထဲပစ်မထားဖို့ပြောပြီး ဂရုစိုက်ပေးဖို့ Jongdae
ကို မှာခဲ့သလိုမျိုးလား ?  Darling စိတ်တိုင်းကျ သူတို့
ရှေ့မှာ 5 နှစ်တာလုံးလုံး ဘာမှမသိတဲ့ လူတစ်ယောက်လို
ပျော်ပျော်ရွှင်ရွှင်လေး ဟန်ဆောင်ကောင်းခဲ့ပြီးပါပြီ ……

ကျွန်တော် ကို သိပ်တော်တယ်လို့ ချီးကျူးပေးပါလား ?
အဲ့အတွက် ဆုလဒ်ကို Darling အနမ်းတွေ လိုချင်ပါ
တယ် ………

ဘာမှမသိပဲ သေသွားရှာတဲ့ Darling ရယ် ……
ဘာမှမသိပဲ ကျွန်တော်မျက်နှာညိုးမှာ ကြောက်နေတဲ့ လူ
တွေရယ် …… တစ်ခါတစ်လေ ဘဝဟာ သိပ်ကို ရယ်စ
ရာကောင်းလွန်းပါသည် !

"    Huk *** ဟား ……… လူတွေကိုအရူးလုပ်ရတာ
ပျော်စရာကောင်းမှန်း ကျွန်တော်မသိခဲ့ဘူး    !!   "

ပိုပြီးပျော်စရာကောင်းတာက ဘာလဲသိလား ? ကိုယ့်ကို
အရူးလုပ်နေတဲ့လူတွေကို ပြန်ပြီးအရူးလုပ်ရတာပဲ !
အဲ့အရူးတွေထဲမှာ  Darling ……… က ပိုပြီး ရယ်ရ
တယ် သိလား ?

Darling မှာထားခဲ့တဲ့အတိုင်း Jongdae က
ကျွန်တော့်ကို လွန်ခဲ့တဲ့ 5 နှစ် August လရဲ့နောက်ဆုံး
အပတ်ကစပြီး နှင်းဆီပန်းတစ်ပွင့်ဆီပေးတယ် သိလား ?
အဲ့နှင်းဆီပန်းလေးတွေက ခြောက်ပြီးပွင့်ဖက်တွေ ညိုမဲနေ
ကာ တစ်ချို့တစ်လေဆို အမှုန့်တောင်ဖြစ်နေသည့်တိုင်
လှနေဆဲပဲ ……

First Person (  ပထမလူ )Where stories live. Discover now