25

93 13 2
                                    

jongin သူ့လက်ထဲမှာကျန်ရှိနေတဲ့ အကျီင်္တစ်ထည့်ကို
ခရီးဆောင်အိတ်လေးထဲထည့်လိုက်သည် … ဘယ်အချိန်
စွန့်ပစ်မလဲကြောက်ရွံနေတာထက် အဲ့အချိန်အဆင်သင့်
ဖြစ်နေတာပိုကောင်းတယ်မှတ်လား ? သေချာတာက
တော့ Soo ပါးစပ်က ထွက်သွားဖို့မပြောမချင်းသူသွားမှာ
မဟုတ်ဘူး !!

မနက် 5:00 နာရီဟူသောအချိန်ကို နိုးစက်လေးက တတီ
တီနဲ့ အချက်ပြရှာတယ် … ကျွန်တော်အိပ်တောင်မအိပ်ရ
သေးပဲ ထရတော့မည် ……

မနက်တိုင်း ပျင်းရီစရာကောင်းသော အလုပ်တွေကိုလုပ်
ရင်း နာရီတွေကုန်ဆုံးလာတော့… မနက်စာစားပွဲလေးဟာ
အဆင်သင့်တောင်ဖြစ်နေပြီ ! တစ်ခါတစ်လေ သူဘာလို့
ဒီအိမ်ကိုလာခဲ့တာလည်းဆိုတဲ့ အခြေအနေတစ်ခုတောင်
သတိမရတော့ဘူး !! တကယ်လို့ Soo သာ ရောဂါပိုဆိုး
လာခဲ့ရင် အခုအချိန်ကျွန်တော်သူ့ဘေးမှာ ရှိနေနိုင်မှာ
မှတ်လား ?

အပေါ်ထပ်လှေကားလေးကို ငေးကြည့်ရင်း ခြေသံတွေကို
နားစွင့်နေရတာ ကျွန်တော့်ရဲ့လွမ်းမောခြင်းတစ်ခုပဲ ! မြန်
မြန်လာပါတော့ ကော်ဖီတွေအေးကုန်ပြီ … လွမ်းမောခြင်း
နောက်မှာ ဘေစင်ထဲအလုအယက်ဆင်းသွားတဲ့ အေးစက်
စက်ကော်ဖီတွေရှိတယ် …  Arrr ……… 9:00နာရီ
တောင်ရှိပြီပဲ ! သေချာပါတယ်ဒါဆို ဒီနေ့လည်း မနက်စာ
လာမစားပြန်ဘူး …

အရူးတစ်ယောက်လို သူ့အစာအိမ်ကိုစိုးရိမ်နေတဲ့
ကျွန်တော်ကတော့ နေ့တဒူဝ မုန့်ဗန်းလေးကိုင်ကာ
လှေကားအနား ဝေ့လည်ကြောင်ပတ်ပဲ !! သို့သော်
ကျွန်တော်သည် ဘောင်မဝင်ခဲ့ပါ …

နေမင်းဟာ အရှေ့ဘက်စွန်းစွန်းကနေ 45° လောက်လည်
ရင်း အစွမ်းကုန်တောက်ပနေတယ် … အပြင်မှာတော့ အ
ပူရှိန်ကြောင့် မြက်တွေခြောက်သွေ့မှာစိုးလို့ တစ်ပတ်
လည်နေတဲ့ရေဖြန်းပိုက်များက မနက်ခင်း သူ့အလုပ်ကို
သူလုပ်နေကြသည် ! !  မှန်တံခါးနံရံတွေကိုဖြတ်ကျော်
ကာဝင်ရောက်လာသော နွေဦး၏နေရောင်ခြည်ဟာ အေး
စက်ကာ အထီးကျန်နေသောကျွန်တော့်နှလုံးသားအတွက်
ဖြေသိမ့်စရာတစ်ခုလိုပဲ !!

အိမ်ပေါ်ထပ်ကနေ Chanyeol နဲ့ Soo ဆင်းလာတယ်
တစ်ယောက်နဲ့တစ်ယောက် ပူပူနွေးနွေးလက်ထပ်ထား
တဲ့ ကြင်စဦးတွေလို ပြုံးရယ်ကာ လက်ချင်းချိတ်ထာသည်!
Chanyeol က ကျွန်တော့်ဘက်ကိုလှည့်ကြည့်ပြီး Soo
နဖူးကို ခပ်ဖွဖွလေးနမ်းလိုက်တယ် … သူဘာကိုတုန်လှုပ်
နေလဲတော့ မသိဘူး !!!

First Person (  ပထမလူ )Where stories live. Discover now