part 5

3.7K 236 2
                                    

:::::::::::::::::: Unicode ::::::::::::::::

လဝန်းတို့သူငယ်ချင်းတွေကတော့ ထုံးစံအတိုင်း ဖြိုးတစ်ယောက်မှလွဲ၍ အကုန်ဖုန်းသုံးနေကြသည်။ ဖြိူးကတော့ တစ်ဦးတည်းသော စာပုံမှန်လုပ်သူပေါ့။

လဝန်းတို့ ၃ယောက်က ဒီညမှထွက်ထားတဲ့ ကိုးရီးယားကားအပိုင်းသစ်ကို laptop နဲ့စုပီးကြည့်နေကြသည်။

လဝန်းတစ်ယောက် ဖုန်းအားသွင်းထားစဉ် messenger မှ noti sound ကိုကြားလိုက်ရသည်။
ဘယ်သူလဲဟူ၍ ထကြည့်လိုက်တော့ လဝန်းသူတစ်ယောက် လန့်၍ထအော်လေသည်။

နှင်းပွင့်က ရုပ်ရှင်ကြည့်နေရင်း

" ဟဲ့ ဘာဖြစ်တာလဲ"

"ဟဲ့ ဟဲ့ ဟဲ့ လုပ်ကြပါဦး ဟိုအစ်မကြီးစာပို့လာလို့ ငါဘယ်လို reply ပြန်ရမှာလဲ"

ရွှန်းလဲ့ရော နှင်းပွင့်ရော ပြိုင်တူထလာကြသည်။ သူတို့သူငယ်ချင်း FA တစ်ယောက်ကို သူစိမ်းတစ်ယောက်ကစကားလာပြော‌ေသာကြောင့် အကုန်လုံးစုလာကြသည်။

"ဘာပြောတာလဲဟဲ့"

"Hi ဝန်းငယ် တဲ့"

"ငါပြောသားဘဲ နင်တို့မှမယုံတာ အဲ့အစ်မငါ့ကိုတကယ် ဝန်းငယ် လို့ခေါ်တာပါဆိုနေ"

"ဒီတိုင်း hi အစ်မ လို့ဘဲပြန်ပို့လိုက်"

နေနိုင်တစ်ယောက် အလုပ်ကိစ္စကလွဲ၍ သူ့ဘက်ကစပီး messenger မှာစကားပြောရသည်မှာ ပထမဆုံးဖြစ်သောကြောင့် ဂဏာမငြိမ်ဖြစ်နေလေသည်။

ခဏကြာတော့

"Hi အစ်မ"

ဆိုသည့်စာလေးဝင်လာတော့ ချက်ချင်းပင် seen ပြလိုက်မိသည်။

ဘာဆက်ပြောရမလဲ စဉ်းစားနေရင်း သူ့ကိုအရင်ကတခြားသူ‌ေတွစကားလာပြောဖူးသည်များကိုပြန်စဉ္းစားလိုက်သည်။ နောက်တော့

"ဝန်းငယ် ဘာလုပ်နေလဲ"
ဆိုပီးစာရိုက်လိုက်သည်။ ရိုးမှန်းသိသော်လည်း တခြားဘာပြောရမှန်းလဲမစဉ်းစားတတ်တော့ ဒီတိုင်းဘဲပို့လိုက်သည်။

"ဟဲ့ ချက်ချင်း seen ပြတာဘဲ"
"ဘာလုပ်နေလဲတဲ့ဟယ် ရိုးလိုက်တာ"
"ငါဘာပြောရမှာလဲဟေ"

ထိုစဉ်ဖြိုးမှ
"နင်အဆင်ပြေတာသာပြန်ပြောလိုက်။ ဟို၃ယောက်လည်း အဲ့လောက်စပ်စုမနေနဲ့ဦး
သူ့ဘာသာသူပြန်ပြောတတ်အောင် လွှတ်ထားပေးလိုက်။ သူပြန်မဖြေတတ်တော့မှ ကူစဉ်းစားပေးကြမယ်"

bitter & sweet { Completed }Where stories live. Discover now