::::::UNI::::::::
"မင်းတို့ တွေ့ချင်နေတဲ့ လဝန်းသူ ရည်းစားဆိုတာ ဒီမှာလေ"
အနောက်ကနေ နေနိုင့် အသံကြားလိုက်ရ၍ လဝန်းသူ ရုတ်တရက်လန့်သွားသည်။
"ဘာလဲ မင်းတို့ဘဲပြစမ်းပါဆို။ ဒီမှာလေ အကောင်လိုက်ကြီးရပ်နေတယ်"
"အစ်မ ဘယ်လိုရောက်လာတာလဲ"
ရုတ်တရက် မော်လမြိုင်မှာ တွေ့လိုက်ရ၍ လဝန်းသူ အံဩသွားသည်။
လွန်ခဲ့သောရက်တွေက ဖုန်းပြောရင်းတောင် ဒီလာမည့်အကြောင်းမပြောဖူး။"ဟား ဟားးး လဝန်းသူ တကယ်ကြီးလား။ ကောင်လေးမရလို့ ရတာယူလိုက်တာလား။"
"ဟဲ့ လူအများေရှ့မှာငါမရိုင်းချင်လို့ပြန်မပြောဘဲနေနေတာနော်။ နင့်ဟာနင်သွားလိုက်ပါတော့ဟာ"
"ဘာလဲ။ ဟရောင့်တွေ အဲ့တာဆို သူတို့ပန်းကန်ပြားချင်းပွတ်နေကြတာဘဲ။။ ကွဲကုန်မှဖြင့်ကွာ"
"အေးကွာ ကျောင်းတုန်းကတည်းက နင်ဒီလိုမှန်းမသိခဲ့ပါလား လဝန်းသူရာ။"
"ဟက် ဟက် ဝေယံ နင်လည်းရေခဲချောင်းမစားဖူးလို့ပါ။ ပြီးမှ ကြိုက်သွားလို့ တွေ့သမျှရေခဲချောင်း လိုက်မစားနေနဲ့ဦးနော်။"
"နင် မိုက်ရိုင်းလှချည်လား။ မိန်းကလေးတန်မဲ့"
"ဒီမှာ မောင်လေးတို့။ အမျိုးသမီးတစ်ယောက်ကို လူကြားထဲအရင်စော်ကားတာ မင်းတို့နော်။"
နေနိုင် ဝင်ပြောမှ ရှိန်ပြီး ဝေယံဆက်မပြောဖြစ်ပြီး ထွက်သွားတော့သည်။
"ငယ် ဒီလိုကောင်တွေနဲ့ ဘာလို့ပတ်သက်ရတာလဲ။ ဒီလိုအဆင့်အတန်းမရှိတာတွေနဲ့ မပတ်သက်စမ်းပါနဲ့။ အမျိုးသမီးတစ်ယောက်ကို ဒီလိုမရိုသေတာမျိုးက လုပ်လို့မရဘူးဆိုတာ ဒီကောင်မသိဘူးလား။"
နေနိုင်ပြောအပြီးတွင် လဝန်းသူ သော်တာ့ကို လှည့်ကြည့်လိုက်သည်။
"လဝန်း ငါ့ကိုရှင်းပြချင်လား"
"သော်တာ......."
"ကိုယ် အရင်သွားနှင့်ပေးမယ်နော် ငယ်။ ညီမ အစ်မကို ခွင့်ပြုပါဦးနော်။"
YOU ARE READING
bitter & sweet { Completed }
Romanceအချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်တယ်ဆိုရင် အရာရာအဆင်ပြေနိုင်ပါတယ်။။။။ နေခြည်ထက်နိုင် တကယ်ချစ်မိသွားလို့ အစ်မထွက်သွားချင်တဲ့အချိန်ရောက်ရင် မလွှတ်ပေးနိုင်မိမှာ အကြောက်ဆုံးဘဲ။ ...