part 25

2.5K 151 0
                                    

:::::::UNI:::::::

Junction square တွင် အုံ့အော်သောင်းနင်းဖြစ်သွားသည့်ကိစ္စသည် လူငယ်တို့ကြားတွင်ခဏတာသာ ရေပန်းစားသွားသော်လည်း
နေနိုင်တို့၏ စီးပွားရေးလောကတွင်မှာပါ အတော်နာမည်ကြီးသွားလေသည်။

"ဦးကျော်စွာ ရှင်ကြားသေးလား။ နေခြည်ထက်နိုင် သောင်းကျန်းသွားတာလေ။"

"မကြားဘဲနေမလား ဒေါ်ဝင်းသောင်းရယ်။ သူဘာလို့ လူကြားထဲအဲ့လိုလုပ်နိုင်လဲဆိုတာ၊ကျွန်တော်ထင်တောင်မထင်ထားဘူး။ တစ်ခါမှလည်းမကြားဖူးဘူး။"

ထိုစဉ် ဘေးမှနားထောင်နေသူ ဦးသန်းစိုးက

"ဘယ်ကြားဖူးပါ့မလဲဗျာ။ ခင်ဗျားမှ လူပျိုကြီးဘဝက မကျွတ်သေးတာ။"

"ဟာ ဘာဆိုင်လို့တုန်း။ သူသောင်းကျန်းတာ သူ့ကိုရန်စလို့ဆို။"

"ခင်ဗျားတို့စဉ်းစားကြည့်လေ။ နေခြည်ထက်နိုင်လို အထက်တန်းလွှာကဒိတ်ဒိတ်ကြဲမိန်းမတစ်ယောက်က သူ့ကိုရန်စတာလောက်နဲ့ လူကြားထဲမယ် အဲ့လောက်သောင်းကျန်းပါ့မလား။ အဲ့လိုမျိုးဆို အရင်က သူ့နည်းနဲ့သူရှင်းခဲ့တာတွေလည်း အများကြီးဘဲကို"

"........."

"......."

"သူ့ချစ်သူကို သွားထိလို့တဲ့ ကျွန်တော့်သားပြောပြတာ။"

"သူမှာတွဲတဲ့လူဒီလောက်များခဲ့တာဘဲကို။ ခုကျမှ ရည်းစားတစ်ယောက်ကြောင့်နဲ့သောင်းကျန်းတာပေါ့လေ။ မဖြစ်နိုင်လိုက်တာရှင်။"

"အော် သူတကယ်ချစ်တဲ့သူလားမှမသိတာ။"

သူ့အဆင့်အတန်းနဲ့သူရှိသော စီးပွားရေးသမားများဖြစ်သော်လည်း နေနိုင့်သတင်းကိုတော့ မယုံကြည်နိုင်လွန်း၍
တီးတိုးပြောနေကြလေသည်။

နေနိုင် အစည်းအဝေးခန်းထဲရောက်ရောက်ချင်း ချက်ချင်းတိတ်ဆိတ်သွားသောလေထုကြောင့် သူ့အကြောင်းပြောနေကြမှန်း သတိထားမိလိုက်သည်။
နေနိုင် ဟိုနေ့ကကိစ္စကြောင့် ဘုတ်အဖွဲ့ဝင်အစည်းအဝေးခေါ်လိုက်ရသည်။

ဟိုနေ့က
ပြဿနာဖြစ်အပြီး နေနိုင် လဝန်းသူကို သူ့အိမ်လိုက်ခဲ့ဖို့ခေါ်လေသည်။

bitter & sweet { Completed }Where stories live. Discover now