part 31

2.4K 139 0
                                    

::::::::UNI:::::::

: နင်ကငါ့အတွက် ဂြိုဟ်ဆိုးဘဲ! နင်မွေးလာလို့ ငါသိမ်ငယ်ရတာ! နင်ရောက်လာလို့လည်း ငါယောက်ျားကသေသွားရတာ! ဒီလောက်ကံဆိုးမှူတွေနဲ့မွေးလာတာ နင် အမြဲသူများအောက်ရောက်နေတာလည်း မဆန်းပါဘူး။ နင်က တကယ့်ကောင်းကျိုးမပေးတဲ့ကလေး!!!! :

"အမေ!!!"

"သူဌေး သူဌေး! ဘာဖြစ်တာလဲ"

"အာ.... ခန့်ကို နင်ဘာလာလုပ်တာလဲ"

"ကျွန်ဝောာ် တောင်ကြီးက ပိုးထည်ဆိုင်ခွဲရဲ့လချုပ်လာထားပေးတာပါ။"

"အေး အေး ထားသွား"

"ဒါနဲ့ သူဌေးအဆင်ပြေရဲ့လား? "

"ခန့်ကို ကိုယ့်ကိစ္စမဟုတ်ရင် ဝင်မစပ်စုနဲ့"

"ဟုတ်ကဲ့ သူဌေး"

‌ထိပ်ထားခင် ရုံးခန်းတွင်မှေးကနဲအိပ်ပျော်သွားစဉ် အချိန်မည်မျှမှမကြာသည့်တိုင် မိခင်ဖြစ်သူ၏ စွပ်စွဲသံတွေိကို အိပ်မက်မက်သည်အထိ။
ထိုစကားများမှာ ‌ထိပ်ထားအတွက်တော့
မဆန်းတော့ပေ။
အသက်ရှင်စဉ်ကာလတွင်သာမက လောကကြီးကထွက်ခါပြီးသည့်တိုင် သူ့ကိုနည်းအမျိုးမျိုးဖြင့်နှောင့်ယှက်နေ၍သာဖြစ်သည်။
သို့သော် လူဖြစ်လာကတည်းက အမေတစ်ခုသမီးတစ်ခုဖြစ်ခဲ့သည်မို့ အမေကိုတော့အချစ်ကြီးဆဲပင်။
အမေ့ဆန္ဒမှန်သမျှလည်း ဖြည့်ဆည်းပေးချင်သည်။
-
-
-
"သူဌေးတစ်ယောက် အဆင်ပြေပါ့မလား"

သူအခါခါခေါ်နေသည့်တိုင် အိပ်ရာမနိုးရသည်အထိ ကြောက်လန့်တကြားဖြစ်နေသော သူဌေး၏မျက်နှာကြောင့် ခန့်ကို ကရုဏာသက်မိသွားသည်။

___________________________________

"ကဲ ပင်လယ်ရောက်ပြီ ငယ်"

အကြောင်းပြချက်မရှိ ပင်လယ်သွားချင်သည်ဟုပြောသော သူကြောင့် မိုးချုပ်ကာစအချိန်ဖြစ်သော်လည်း မလှမ်းသည့်ခရီးမို့ ချောင်းသာသို့ အတူတူသွားလိုက်ကြသည်။

"ငယ် တစ်ခုခုအရင်စားမလား။"

"ဟင့်အင်း"

"ဘာလုပ်ချင်လဲ ငယ်"

"ဟိုးးး လရောင်အောက်မှာသွားထိုင်ရအောင်"

"အင်းး"

bitter & sweet { Completed }Where stories live. Discover now