part 42

2.4K 149 0
                                    

::::::::UNI:::::::

လဝန်းသူ မော်လမြိုင်သို့ ပြန်ရောက်သည့်နေ့

"မေမေ 'မ' ကအဲ့လိုမဟုတ်ပါဘူးဆို။ သမီးကိုလည်း ရိုက်ဖို့‌တို့ဘာတို့မပြော‌နဲ့ လက်နဲ့တောင်မရွယ်ဖူးဘူး။ စိတ်ဆိုးရင်လည်း ခဏဘဲ။ အဲ့ဗီဒီယိုမှာ အဲ့ကောင်လေးက သမီးလက်ကိုကိုင်ထားတာ သူတွေ့သွားလို့ သူစိတ်ဆိုးသွားတာ။ တကယ်ပြောတာပါ မေမေရယ်"

"ဘုတ်အိလေး၊ ဖေဖေ မေးစရာရှိတယ်။"

"ဟုတ်"

"သမီး နေခြည်အကြောင်းအကုန်သိလား။ သူဘာအလုပ်လုပ်တယ်ဆိုတာရော သမီးသိလား။"

"ဟုတ် သိတယ်။"

"ဖေဖေ ပြောတာ တခြားအလုပ်တစ်ခုကိုပြောတာနော်။"

"ဟုတ် အဲ့အလုပ်ကိုလည်းသိတယ်။"

"......."

" 'မ' ကိုယ်တိုင် သမီးကိုသူ့အလုပ်နဲ့တရားဝင်မိတ်ဆက်ပေးထားတာ။ company မှာရော တခြားအလုပ်မှာရော သူကိုယ်တိုင် သမီးကိုခေါ်သွားပြီး မိတ်ဆက်ပေးတာ"

"သမီး မကြောက်ဘူးလား။ သူအဲ့လိုအလုပ်တွေလုပ်နေမှန်းသိရက်နဲ့ သမီး သူ့အနားနေရဲလို့လား"

"ဟုတ် နေရဲတယ်။ သူသမီးကို ထိခိုက်အောင်ဘာတစ်ခုမှမလုပ်ဖူးဆိုတာ သမီးယုံတယ်။"

"ကိုယ့်ကိုကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ
အဲ့လောက်ထိမယုံသင့်ဘူး သမီး"

"သမီးကိုယ်တိုင်လည်း မယုံခဲ့ဘူး။
အချိန်ကြာလာတာနဲ့အမျှ သမီးတွေ့ရတာတွေက 'မ' ကို ယုံကြည်လို့ရပါတယ်ဆိုပြီး သက်သေပြသွားတာဘဲ ဖေဖေ"

"အေး ဖေဖေတို့ကတော့ မယုံသေးဘူး။ အဲ့တာကြောင့် သမီးကိုလည်း သူရိှတဲ့‌‌ေနရာကုိပြန်မလွှတ်နိုင်သေးဘူး။ ပြီးတော့ သမီးဖုန်းရယ် laptop နဲ့ tablet ကိုဖေဖေတို့ သိမ်းထားဦးမယ်။"

"ဖေဖေ!! အဲ့တာဆို သမီးကတစ်‌ေန့တစ်‌ေန့ဘာလုပ်နေရမှာလဲ"

"လဝန်းသူ! ညဉ်းအခန်းထဲမှာ တီဗီလည်းရှိတယ်လေ။ မနက်ဖန်Tablet တစ်လုံးအသစ်ဝယ်ပေးမယ်။ ညဉ်းအဖေစကားကိုနားထောင်"

"ပြီးရော ပြီးရော။ အခန်းထဲ သွားတော့မယ်"

လဝန်းသူ အိမ်အပေါ်ထပ်ရှိ သူ့အခန်းထဲသို့ ဝင်သွားပြီးမှ

bitter & sweet { Completed }Where stories live. Discover now