part 30

2.6K 153 1
                                    

:::::::UNI:::::::

"သူဌေး သူဌေး ကိုလင်းထက်စိုးက ကျွန်တော်ကတစ်ဆင့် သူဌေးကိုပြောခိုင်းလိုက်တယ်။ သူဌေးနဲ့သဘောတူထားတဲ့ ကိစ္စကို သူမလုပ်တော့ဘူးတဲ့ သူဌေး"

"ဘာ!!! ကားသွားထုတ် ခန့်ကို!"

လင်းထက်စိုးရုံးခန်းတွင်

'ငါဆုံးရှုံးရတာတွေများလည်း ငါပြန်မလိုတော့ပါဘူးလေ။ ဘုတ်အိလေးအပေါ်တော့ ငါမကောင်းတာမလုပ်နိုင်ဘူး။ လုပ်လည်းမလုပ်ရက်ဘူး'

လဝန်းသူဆိုသူနှင့် ဘုတ်အိလေးမှာ တစ်ယောက်တည်းမှန်းသိသွားသောနေ့မှစ လင်းထက်စိုး ဒေါ်ထိပ်ထားခင်နှင့်သဘောတူထားတာကို ဖျက်သိမ်းရန်ဆုံးဖြတ်လိုက်သည်။

နောက်ဆုံး သူ့တပည့်ခန့်ကိုနှင့်တွေ့တော့ တခါတည်းပြောခိုင်းလိုက်‌ေတာ့သည်။

"လင်း ထက် စိုး!"

"ဟ ဒီတလော ငါ့ရုံးခန်းကို ဒီလိုပုံနဲ့လာတဲ့သူတွေများလာတာဘဲ"

ရွဲ့ပြုံးတစ်ခုနှင့် ပြောလိုက်သော လင်းထက်စိုးကြောင့် ထိပ်ထားခင် ပို၍ပင်ဒေါသထွက်သွားသည်။

"ရှင် ဘယ်လိုလုပ်တာလဲ! ခုကျမှဒီလိုလုပ်လို့ရမလား"

"မရလည်းရရမှာဘဲ။ ကျွန်တော် ခင်ဗျားပြောတဲ့ဟာတွေကိုလည်းမမက်တော့ဘူး"

"ဟ ခုမှဘာဖြစ်တာလဲ။ ရှင်ရမဲ့ရှယ်ယာတွေကနည်းတာမဟုတ်ဘူးနော်"

"နည်းနည်းများများ ကျွန်တော်စိတ်မပါတော့ဘူးဗျာ။ ခင်ဗျားဘာသာအဆင်ပြေသလိုလုပ်တော့"

"ရှင်အဲ့လို သွေးကြောင်လို့လည်း ဒီလောက်ကနေမတက်တာပေါ့! နေခြည်ထက်နိုင်သာမရှိရင် ရှင့် company အများကြီးတိုးတက်နေပြီလေ။ ရှင်ပြန်စဉ်းစားကြည့်ဦး။ သူရှင့်ကိုလုပ်ထားတာအများကြီးနော်"

"ဟား ကျွန်တော့်ဘာသာသွေးကြောင်ကြောင်ဗျာ။ ခင်ဗျားကသာ သူများရှယ်ယာကို မတရားလိုချင်နေတာ"

"အစကတည်းကငါပိုင်သင့်တဲ့အရာတွေမို့လို့ ငါပြန်ယူနေတာ"

ထိပ်ထားခင် အေးစက်စက်ပြန်ပြောလိုက်သော်လည်း လင်းထက်စိုးကတော့ ရွဲ့ပြုံးမပျက်။

bitter & sweet { Completed }Where stories live. Discover now