part 35

2.2K 151 1
                                    

::::::::UNI:::::::

"ဒါအဆင်ပြေတော့ဘူးထင်တယ်နော်ဟဲ့"

"အေး ငါလည်းထင်တယ်။ လဝန်းအဆင်ပြေပါ့မလား"

"အဲ့တာထက် မနေခြည်နဲ့ရေရှည်ဆိုရင် အဆင်ပြေပါ့မလား။ လဝန်းအမေတို့က လက်ခံနိုင်ပါ့မလား"

"သူတို့အချင်းချင်းအဆင်ပြေရင်ပြီးရောပေါ့ဟာ"

"ဟဲ့ ဖြိုး နင်စိတ်မပူဘူးလား ကိုယ့်သူငယ်ချင်းကို။ သူကရည်းစားထားဖူးတာမဟုတ်ဘူးနော်။"

"ဖြိုးပြောသလိုဘဲ သူတို့ချင်းအဆင်ပြေရင်ပြီးရောပေါ့ နှင်းပွင့်ရယ်"

"ဒါပေမဲ့ ရွှန်းလဲ့ကလည်း ....."

"သူငါ့ကို ပြောဖူးတယ်။ သူက မနေခြည်ကိုတကယ်ချစ်တာတဲ့။ ငါလည်း သူ မနေခြည်ကိုတကယ်ချစ်တာလို့ဘဲ ထင်တယ်။"

အူလည်လည်သူငယ်ချင်းက ရည်းစားရသွား၍ စိတ်ပူမိသည့်အပြင် ယနေ့အဖြစ်အပျက်များကိုပါ မြင်လိုက်၍ စိတ်မချနိုင်ဖြစ်နေကြသည်။

"အေးလေ တစ်ခုခုတော်တော်လွန်လာမှ ငါတို့ဝင်တားကြ‌တာပေါ့"

___________________________________

ကွန်ဒိုတွင်ပြဿနာဖြစ်သည့်နေ့သည် 'မ' နှင့်တွေ့ရသည့် နောက်ဆုံးရက်ဖြစ်ခဲ့သည်။
ထိုကွန်ဒိုက မထွက်သွားခင် နောက်ဆုံးပေးခဲ့သောကတိကို 'မ' တည်ခဲ့သည်။

"ငယ် ကိုယ့်ကိုလက်မခံနိုင်မချင်း ကိုယ်
ငယ့်ရှေ့မှာ မပေါ်လာစေရပါဘူး။"

'မ' ကတိတည်ခဲ့သည်။ ၁လတိတိ သူရှေ့ကို 'မ' မရောက်လာခဲ့။ လဝန်းသူလည်း intern ကြောင့် အလုပ်ရှုပ်နေသဖြင့် 'မ' သူ့ရှေ့ရောက်မလာခြင်းအပေါ် အာရုံသိပ်မရခဲ့ပေ။
သို့သော် အလုပ်ပြီးသည့်အချိန်တိုင်း 'မ' ကိုသတိရနေသည့်စိတ်ကတော့ သူ့ကို ညတိုင်းမျက်ရည်ကျစေခဲ့သည်။

Venus Tech တွင် intern ဆင်းရသည်မှာလည်း ၁လရှိခဲ့ပြီ။ ထူးထူးခြားခြားဘာမျှမရှိခဲ့ပေမဲ့ မထိပ်ထားခင်က ဒီ company ၏ ရှယ်ယာရှင်မှန်းတော့သိလိုက်ရသည်။
အထက်လူကြီးဆိုတော့ personal ကိုဘေးဖယ်ကာ ရိုရိုသေသေဆက်ဆံခဲ့သည်။

"လဝန်းသူ၊ ညီမလေးဒီည ပွဲတစ်ခုရှိတယ်။ ‌မန်နေဂျာက အလုပ်သင်ပါခေါ်ခဲ့တဲ့။ သွားရအောင်နော်"

bitter & sweet { Completed }Where stories live. Discover now