part 18

2.6K 161 0
                                    

:::::::::UNI::::::::

:လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချက်အတွင်း ပြန်လည်ဖြေကြားခြင်းမရှိသောကြောင့်:

"ဟာ အကို ဘာလို့ဖုန်းမကိုင်နေရတာလဲ။
ရုံးမှာလည်းမရှိ အိမ်မှာလည်းမရှိနဲ့!!"

တီ တီ တီ တီ

"ဟယ်လို"
"ဟယ်လို အကိုလား"
"ဒီဖုန်းပိုင်ရှင်က ကျွန်တော်တို့ဆိုင်မှာ ဖုန်းမေ့ကျန်ခဲ့တယ်ခင်ဗျ"
"ဆိုင်ကဘယ်နားမှာလဲ"

Lavender gay bar

ဆိုင်ဝင်ဝင်ချင်းတွေ့လိုက်ရသည့် မြင်ကွင်းတစ်ချို့ကြောင့် ကောင်းထက်သူ မှင်သက်သွားသည်။

ကောင်းထက်သူက ရာရာ ကိုချစ်နေသော်လည်း ဒီလိုနေရာမျိုးတစ်ခါမှ မလာဖူး၍ တစ်ချက်သတိလွတ်သွားသည်။

"ညီလေး ခုဏကဖုန်းဆက်ထားတာ။ ကျန်ခဲ့တဲ့ဖုန်းရော"

"ဒီမှာပါ အကို။ ကျွန်တော့်ကို မှတ်ပုံတင်တစ်ချက်လောက်ပြပေးပါ။ ဖုန်းပိုင်ရှင်ပြန်လာရှာရင် သက်သေရှိထားရအောင်ပါ။ စိတ်တော့မရှိပါနဲ့ဗျာ။"

"ရတယ် ရတယ် ရော့။ ဒီဖုန်းပိုင်ရှင် ဘယ်ရောက်နေလဲ။"

"ဒီမှာ မှတ်ပုံတင်ပါအကို။ ပိုင်ရှင်က အရမ်းမူးနေလို့ သူနဲ့တူတူပါလာတဲ့တစ်ယောက်က ခေါ်သွားတယ် အကို။"

"သူ့ဖုန်းမေ့လောက်တဲ့အထိကို မူးနေတာလား။"

"မူးတာက သတိလွတ်နေသလောက်ကို မူးနေတာဗျ။ ကျွန်တော်တောင် ထူးဆန်းနေတာ သူသောက်တာအဲ့လောက်မရှိဘဲ အရမ်းမူးသွားလို့။"

'ငါနဲ့သောက်နေတုန်းကတော့ သူသောက်နိုင်ပါတယ်။'

"ဟဲ့ ရာရာ ကသူ့အရင်ဘဲကြီးနဲ့ ပြန်အဆင်ပြေသွားတာလား"

"အေးကွ ငါလည်းတွေ့လိုက်တယ်။ သူ့အရင်ဘဲကြီးက သူ့ကားပေါ်တင်သွားတာ။ ရာရာ ကလည်းမူးနေတာနဲ့။"

"အဲ့ကောင်က တမင်အကြံနဲ့ဟ။ ငါ့ကိုတောင် ဟို‌တလောက ရာရာ အကြောင်းလာမေးနေသေးတယ်။ သူပြန်လိုချင်နေတယ်ဖြစ်မှာပေါ့"

"ရာရာ ကသူ့ကိုမှစိတ်မဝင်စားတော့တာ။ ခုဟာကလည်း သူ ရာရာ သောက်တဲ့အထဲဘယ်လဲမသိဘူးထည့်လိုက်တာ။ ပီးတော့ ကားပေါ်ခေါ်တင်သွားတာဘဲ"

bitter & sweet { Completed }Where stories live. Discover now