part 27 🚨

8K 210 3
                                    

::::::::UNI::::::::

"အစ်မ ဘာတွေပြောနေတာလဲ"

"ကိုယ် ငယ့်ကိုတကယ်ချစ်တာ"

"အွန်းးး"

"ငယ်......"

လဝန်းသူ၏ စိတ်အစဉ်တွေကလည်း အရမ်းကိုတုန်လှုပ်နေပါပြီ။ မကောင်းတဲ့ကိစ္စလို့သတ်မှတ်ထားသောအရာကို သူမနှင့်အတူ ခံစားကြည့်ချင်သည်။
သူမနှင့်သာဆိုလျှင် မကောင်းသည့်အရာဟု သတ်မှတ်မိလိမ့်မည်မထင်ပါ။
ခံစားမှုကလည်း တစ်စုံတစ်ခုကို တောင်းတနေသည့် သူမ၏ဆန္ဒကို ဖြည့်စည်းပေးချင်မိပါသည်။
လဝန်းသူတစ်ယောက် အတိတ်ကကြောက်ရွံ့ခဲ့မိသည့်အရာကို သူမ ကဖျောက်‌ဖျက်ပေးနိုင်မည်ထင်သည်။

"အစကတည်းက ငယ့်အရာအားလုံးကို 'မ' ပိုင်တယ်လို့ ယူဆထားပြီးသားမလား"

"ဒါပေမဲ့ ငယ်....လက်ခံနိုင်မှပါ"

ဟုတ်သည်။ 'မ' ဆိုသည့်သူမ ပေါ်လာသည့်နေ့ကတည်းက လဝန်းသူ၏ ကိုယ်စိတ်အရာအားလုံးကို သူမကိုပိုင်ရှင်ဟု အမည်တပ်ပေးလိုက်ပါပြီ။
သူမနဲ့သာဆိုလျှင် ဘယ်အရာကိုမှ ကြောက်လိမ့်မည်မထင်ပါ။
အကြောက်ဆုံးအရာကိုတောင် သူမ နှင့်သာဆိုလျှင် ဖြတ်ကျော်လိုက်ပါမည်။

လဝန်းသူ ဘက်မှစ၍ နေနိုင်၏ နှုတ်ခမ်းတစ်စုံအား စုပ်ယူလိုက်လေသည်။ ခွင့်ပြုမိန့်ရသည်နှင့်တပြိုင်နက် နေနိုင်သည် နှုတ်ခမ်းချင်းစုပ်ယူနေကြသည်ကို အလွတ်မပေးဘဲ လဝန်းသူ၏ ကိုယ်လုံးကို ခြေထောက်၂ဖက်‌မှပွေ့၍ ချီလိုက်လေသည်။ ရုတ်တရုတ် လေထဲမြောက်သွားသော ခြေထောက်၂ဖက်ကလည်း အလိုက်သင့် နေနိုင်၏ ခါးတွင်သွယ်ယှက်ထားမိသွားသည်။ နေနိုင်သည် အနည်းငယ်မြင့်တက်သွားသော နှုတ်ခမ်းတစ်စုံကို အလွတ်မပေးဘဲ ထိုအနေအ‌ထားနှင့်ပင် မိမိအိပ်ခန်းရှိရာ ဒုတိယထပ်သို့ တက်သွားလေသည်။

"မ ပြုတ်ကျသွားလိမ့်မယ်"

စိုးရိမ်စိတ်ဖြင့် ရုန်းထွက်သွားသောနှုတ်ခမ်းများကို အသဲယားလွန်း၍ ဖမ်းကိုက်လိုက်သည်။

"ငယ် သာသေချာဖက်ထားရင် ဘယ်ကျပါ့မလဲ"

သူပြောပြီးသည်နှင့် သူ၏လည်ပင်းထက်တွင် နဂိုထက်ပိုတင်းကျပ်သွားသည့် လက်၂ဖက်ကြောင့် နေနိုင် ကျေနပ်စွာပြုံးမိသွားလေသည်။

bitter & sweet { Completed }Where stories live. Discover now