part 36

2.2K 149 0
                                    

:::::::::UNI::::::::

ဆောက်တည်ရာမရဖြစ်နေသော ထိပ်ထားခင် အနားသို့ ခန့်ကို မသွားခဲ့။
ခန့်ကို၏အတွေးထဲတွင် ထိပ်ထားခင်သည် သူ့ဘက်ကလူဟုသာ ထင်မှတ်ထားသည်။ တခြားစိတ်တစ်စိုးတစ်စိမျှမရှိဘဲ ထိပ်ထားခင်ကို အစ်မအရင်းတစ်ယောက်သဖွယ် ချစ်ခင်ခဲ့သည်။ သူ့ကိုဘာတွေဘဲခိုင်းခိုင်း လုပ်ပေးခဲ့သည်။ သူ မလုပ်ချင်သော လူတစ်ယောက်ကိုခြိမ်းခြောက် သတ်ဖြတ်ရသည့် အလုပ်များကိုပင် ထိပ်ထားခင် ဟူသော မိန်းမပြောသောစကားမ‌ျားကြောင့် လုပ်ပေးခဲ့သည်။
သို့သော်..... ထိုမိန်းမ.. သူအစ်မအရင်းတစ်ယောက်ကဲ့သို့ ချင်ခင်မိသွားသော ထိုမိန်းမက သူ့ကို ခိုင်းစရာလူတစ်ယောက်အပြင်ပိုမမြင်ခဲ့။ အသုံးမလိုတော့လျှင် သူ့ကိုစွန့်ပစ်ခဲ့ဖို့ပါ အဆင်သင့်ဖြစ်နေခဲ့သည်။ ဒီထက်ပိုပြီး သူ ထိုမိန်းမ ဘက်တွင်မနေတော့ဖို့ သူဆုံးဖြတ်ခဲ့ပါပြီ။ မည်သူ့ဘက်မှာမှမနေတော့... မည်သူ့ကိုမှသံယောဇဉ်မထားတော့ပါ။

ထိပ်ထားခင်.....ထိုမိန်းမသည် လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်နေမိပါလျက် ထိုသူကို မုန်းသည်ဟုသာ ခေါင်းစဉ်တပ်ခဲ့သည်။ သူချစ်‌ေသာသူကို အနားမှာအမြဲထားချင်ခဲ့သောစိတ်က ထိုမိန်းမကို မလုပ်သင့်သောအပြုအမူများစွာကို ပြုလုပ်စေခဲ့သည်။
ကိုယ်ချစ်သောသူကိုပိုင်ဆိုင်ရဖို့ ရှယ်ယာပိုင်ဆိုင်မှုကိုအမည်ခံကာ ဖြူစင်လှသောကလေးတစ်ယောက်ကို ထိခိုက်‌ေစဖို့ထိရည်ရွယ်ထားခဲ့သည်။
ထိုကဲ့သို့သော လူတစ်ယောက်အနားတွင် ခန့်ကိုဆက်မနေချင်တော့ပါ။

မျက်ရည်စက်များနဲ့ ခန့်ကိုသည် ကြမ်းပြင်တွင်ပုံလဲနေသော ထိပ်ထားခင်ကို ဂရုမစိုက်တော့ဘဲ လက်ရှိနေရာက ထွက်သွားဖို့ပြင်လိုက်သည်။

"ခန့်ကို! ငါ...ငါ...တောင်းပန်ပါတယ်။ နင်မရှိရင် ငါ့မှာဘယ်သူမှမရှိတော့လို့ပါ"

"အစကတည်းက သံယောဇဉ်မတွယ်ခဲ့ရမှာ"

"ခန့်ကို!!!"

ခန့်ကိုလည်းထွက်သွားခဲ့ပြီ။
ဘယ်သူမှ မပျော်ရွှင်ရမှာ သိသိရက်နဲ့ လုပ်ခဲ့မိသော လုပ်ရပ်တစ်ချို့... ထိပ်ထားခင် နောင်တရနေပြီထင်ပါရဲ့။

bitter & sweet { Completed }Where stories live. Discover now