part 40

3K 149 2
                                    

:::::::UNI:::::::

"လဝန်းသူ!! ‌မေမေတို့နဲ့ပြန်လိုက်ခဲ့တော့"

မေမေရဲ့ စကားများသည် လဝန်းသူနှင့်နေနိုင်တို့၏ပျော်ရွှင်မှူများစွာကို ရိုက်ချိုးလိုက်လေသည်။

___________________________________

" 'မ' ရုံးသွားရမယ်လေ၊ ထတော့"

"မထချင်ဘူး....."

ပုံမှန်ဆိုနောက်ကျမှထသောလဝန်းသူက မနက်စောစောထ၍ နေနိုင့်အတွက် မနက်စာပြင်ပေးလေ့ရှိသည်။
သို့သော် ဆန့်ကျင်ဖက်ဖြစ်သွားသည်ကတော့ မနက်စောစောထနေကျနေနိုင်သည် လဝန်းသူ လာနှိုးသည့်အချိန်မှ အိပ်ရာထဖြစ်တော့သည်။
အကြောင်းရင်းကတော့ လဝန်းသူကို လာနှိုးစေချင်၍ အိပ်ဟန်ဆောင်ကာမှ အချိန်ကြာလာတော့ တကယ်အိပ်ပျော်သွားခြင်းကြောင့်ပင်ဖြစ်သည်။

" ထ ထ။ မနက်စာအေးကုန်မယ်။ ရုံးလည်းနောက်ကျနေမယ်။ ထတော့"

လဝန်းသူက နေနိုင့်လက်ကို အတင်းဆွဲ၍ ထူနေတော့ နေနိုင်လည်း ထထိုင်လိုက်ရသည်။ အိပ်ရာမှမထသေးဘဲ လဝန်းသူ၏ ခါးလေးကိုဖက်ကာ ရင်ခွင်ထဲတွင်ခေါင်းမှီနေရင်း

"ကိုယ်အစွမ်းတစ်ခုလိုချင်တယ်"

"ဟမ်..ဘာအစွမ်းလဲ"

"အချိန်ကိုရပ်ထားနိုင်တဲ့ အစွမ်း။ ဒီလိုအချိန်လေးဘဲ တစ်သက်လုံးရနေမယ်ဆိုရင်တောင် ကိုယ်နေနိုင်တယ်"

"အော်...အဲ့တာဆို 'မ' ကအစာမစားတော့ဘူးလား။ ရေရော မသောက်တော့ဘူးလား"

"အစာကဒီမှာရှိတယ်လေ"

နေနိုင်သည် ပြောပြီးသည်နှင့် မျက်စိရှေ့တည့်တည့်တွင်ရှိနေသော လဝန်းသူ၏ ချယ်ရီသီးလေးကိုကိုက်လိုက်တော့သည်။
တစ်ချက်ကိုက်ရုံမဟုတ်ဘဲ အချိန်တစ်ခုထိ ငုံထားသည်ကြောင့်

"အာ.. 'မ' ရာ၊ အင်္ကျီစိုကုန်ပြီ။ အိပ်ရာထတုန်းကဘဲလဲထားတာကို ပြန်လဲရတော့မယ်"

"အစကတည်းက အင်္ကျီမပါရင် အင်္ကျီလည်းမစိုတော့ဘူးပေါ့"

"ဟာ...နှာဘူးလိုဘဲ၊ ထ ထ"

နေနိုင်က ရေချိုး၊ လဝန်းသူက နေနိုင့်အတွက် အင်္ကျီသွားယူကာ အဆင်သင့်ပြင်ပေးနေသည်။
နေနိုင့်ကုတင်လေးမှာလည်း အိပ်စက်မည့်ပိုင်ရှင်မရှိသည့်ရက်များကြာခဲ့သလို
လဝန်းသူ၏ ကုတင်လေးကတော့ ပိုင်ရှင်အပြင်ဧည့်သည်တစ်‌ေယာက်ကိုပါ လက်ခံနေရတာလည်း အချိန်ကြာခဲ့ပါပြီ။

bitter & sweet { Completed }Where stories live. Discover now