part 37

2.3K 156 0
                                    

::::::::UNI:::::::

"နင် သူ့ကိုအရမ်းချစ်တာဘဲကို။ အချိန်ယူပေါ့ဟာ"

"အေးးး အရမ်းချစ်နေလို့ ခက်နေတာ။
ငါမကြိုက်တာမှန်သမျှ လုပ်နေပေမဲ့ မမုန်းနိုင်ဘူး။"

"အချစ်ဦးဆိုတော့လည်း....."

ပြတင်းပေါက်မှတစ်ဆင့် ချစ်ရသူကို ကြည့်ကာ မျက်ရည်‌ကျနေသော သူငယ်ချင်းဖြစ်သူကို နှစ်သိမ့်ပေးရုံသာ ရှိတော့သည်။

ဆေးရုံပန်းခြံတွင်တော့

"အစ်မရော အဆင်ပြေရဲ့လား"

"အမှန်တိုင်းဆိုရင်တော့ ဘယ်ပြေပါ့မလဲ"

"အချစ်ဆိုတာ ဒီလိုပါဘဲ အစ်မရယ်။ အမြဲတမ်းပျော်နေရတာမှ မဟုတ်တာ"

"အဓိကက အစ်မ။ အစ်မက ငယ့်ကိုစိတ်ထိခိုက်အောင်လုပ်နေမိတာ။ အစ်မစိတ်ကြိုက်လုပ်နေမိခဲ့တာ။ အဲ့နေ့က အစ်မတစ်စွတ်ထိုးမလုပ်ဘဲ ပြေ‌ေပြလည်လည်ပြောခဲ့ရမှာကို"

"လဝန်းလည်း ပြောပါတယ်။ သူလည်း နားလည်ပေးခဲ့ရမှာတဲ့"

"ငယ်နားလည်ပေးဖို့ထိစဉ္းစားခဲ့တာလား။ အစ်မတော်တော်မိုက်ခဲ့တာဘဲ။ ဒီလိုကလေးကိုကွာ...."

"အစ်မက အစ်မသူ့ကိုချစ်သလောက် သူကပြန်မချစ်ပေးဘူးထင်ပေမဲ့ လဝန်းကအစ်မကို အရမ်းချစ်ရှာတာ။ အစ်မနဲ့အဆင်မပြေတဲ့ ရက်တွေတိုင်း သူအဆင်ပြေချင်ယောင်ဆောင်နေတာ။ တကယ်တမ်းကျ သူညတိုင်းကြိတ်ငိုနေရှာတာ။ သူ့ lock screen ကအစ်မပုံကိုလည်း လုံးဝမပြောင်းဘဲ အမြဲတစိမ့်စိမ့်ကြည့်နေတာ။ ပြောရရင် အများကြီးဘဲ။ အဓိကကတော့ အစ်မဘယ်လိုနေနေ နားလည်ပေးနိုင်ဖို့ကြိုးစားနေရှာတာ"

"အစ်မ....အစ်မတော်တော်မှားခဲ့တာဘဲ။ ဒီလို ငယ့်ကို...အစ်မမသိခဲ့ဘူး။ အစ်မ ကိုယ့်စိတ်ကို မထိန်းနိုင်ခဲ့ဘူး။ ငယ် အစ်မကို မုန်းသွားပြီလား ရွှန်းလဲ့။ မုန်းသွားလောက်လား"

"ဒါတော့ လဝန်းကိုဘဲ တည့်မေးလိုက်ပါ။"

သူစိမ်းတစ်ယောက်ရှေ့တွင် လဝန်းသူကြောင့် မျက်ရည်များဆက်တိုက်ကျဆင်းနေသော နေနိုင်သည် နောင်တအပြည့်ဖြင့်။

bitter & sweet { Completed }Where stories live. Discover now