part 26

3K 168 0
                                    

::::::::UNI:::::::

"နင် တကယ်မသိတာလား ကောင်းထက်သူ။ ရာရာ ကို့နင်မေးရင်သူပြောပြမှာပါဟာ။ မေးကြည့်ပါလား"

"ဟာ အစ်မကလည်း ငါတကယ်မသိတာပါဆိုနေ။ ရာရာလည်းမပြောပြဘူး တစ်ခါမှ"

"နင့်တစ်ဦးတည်းသောအစ်မ ကမကောင်းတဲ့လူနဲ‌့တွေ့နေရတာဆိုနင်ဘယ်လိုလုပ်မလဲ။"

"အဲ့တာတော့စိတ်ချ။ မနေခြည်ထက်နိုင် ကမကောင်းတဲ့သူမဟုတ်ဘူး။ အဲ့တာတော့ ငါအာမခံတယ်"

အစ်မဖြစ်သူ ခေါ်၍သာရောက်လာရသော်လည်း ရောက်လာကတည်းက ပြောလို့မရတဲ့အကြောင်းတွေကို အတင်းအစ်ပြီးမေးနေသောကြောင့် ကောင်းထက်သူ ထွက်ပြေးချင်စိတ်ပေါက်နေပါပြီ။

"ငါတကယ် 'မ' ဘာလုပ်မှန်းမသိနေတာ။ ငါသိတာဆိုလို့ အဲ့ Moonlight company ပိုင်တာဆိုတာဘဲသိတာ။"

"အစ်မကလည်း အဲ့လောက်သိတော်ရောပေါ့။ မကောင်းတာလုပ်နေတဲ့သူမှမဟုတ်ဘဲ။ ငါပြောမယ် သေချာ‌တာတော့ သူအစ်မအပေါ်မကောင်းတာလုံးဝလုပ်မှာမဟုတ်ဘူး။ အဲ့တာတော့တကယ့်ကိုသေချာတာ။"

မလုပ်ပေလို့ဘဲ။ ဟိုနေ့က လူကိုယ်တောင်ခွင့်မတောင်းဘဲ လုပ်လိုက်တဲ့ ကိစ္စကိုမှ ဒင်းမသိသေးတာ။ သိရင်လည်း ဒီလောက်လေးနဲ့ဆိုပြီး အပြစ်တင်ဦးမယ်။

"အစ်မ ပြောစရာမရှိတော့ဘူးဆို ငါသွားတော့မယ်။ နင့်လိုကျောင်းဘဲတက်နေရတာမဟုတ်ဘူး။ အလုပ်လည်းလုပ်နေရသေးတယ်။"

"အေး အေး။ လစ်တော့။"

"သွားပြီ"

ငါ 'မ' အကြောင်းသိအောင်ဘယ်လို စုံစမ်းရမှာလဲ။။။

ကောင်းထက်သူနှင့် တွေ့အပြီး တိုက်ခန်းသို့ လမ်းလျှောက်၍သာပြန်လာခဲ့သည်။
'မ' အကြောင်းမေးမှာဖြစ်၍ သူငယ်ချင်းတွေခေါ်မလာခဲ့၍ တစ်ယောက်တည်းဖြစ်နေလေသည်။

ထိုစဉ် ခပ်လှမ်းလှမ်းတွင် 'မ' ရဲ့ range rover အမဲလေးကို‌ေတွ့လိုက်ရသည်။
ကားရပ်လိုက်ပြီး 'မ' ကားပေါ်မှဆင်းလာမှ လှမ်းခေါ်တော့မည်ဟုတွေးပြီး ကားရှိရာသို့‌အသွား

ဟမ်! ဘယ်သူကြီးလဲ အဲ့တာ။ ဘယ်ကလူကြီးလဲ။။

လဝန်းသူ တွေ့လိုက်ရသည်က lover seat မှဆင်းလာသော သူနှင့်အသက်မတိမ်းမယိမ်း ချစ်စရာကောင်မလေးတစ်ယောက်။
ဆံပင်များမှာ အနက်ရောင်မဟုတ်နေဘဲ ရွှေရောင်သန်းနေလေသည်။
အသားများလည်း လဝန်းသူလို ညိုတဲ့အသားရေမဟုတ်ဘဲ ဖြူအုနေလေသည်။
ဆံပင်ကျောလယ်လောက်ကို လှိုင်းတွန့်လေးကောက်ထားသောကြောင့် မြင်သူတိုင်းချစ်စရာကောင်းသည်ဟု မှတ်ချက်ပေးရလောက်အောင်ထိ ဖြစ်နေလေသည်။
တမူထူးခြားနေသည်က သူမ၏မျက်လုံးလေးများပင်။
ပြာလဲ့နေသော မျက်လုံးများကြောင့် နိုင်ငံခြားသူတစ်ယောက် ဖြစ်မည်ထင်သည်။

bitter & sweet { Completed }Where stories live. Discover now