part 29

2.6K 155 2
                                    

:::::::UNI:::::::

အမှန်တော့ လဝန်းသူ နေနိုင်နှင့် တွေ့ချင်သည်။ လွမ်းသည်။ အရမ်းလွမ်းသည်။
အသံလေးကြားချင်သည်။ နေနိုင့်မျက်ဝန်းများကို တစ်လောကလုံးကိုမေ့သွားသည့်တိုင်အောင် ငေးကြည့်ချင်သည်။ နူးညံ့လှသော အထိအ‌တွေ့များကိုလည်း တောင့်‌တနေမိသည်။ သို့သော်..............

လဝန်းသူ နေနိုင့်၏ အရာအားလုံးကိုမသိရသေးဘဲ နေနိုင့်ကို ချစ်မိသွားခဲ့သည်ကို စိတ်မချဖြစ်နေမိပါသည်။။

"နင် ပေးပြန်ခိုင်းလိုက်ပါလားဟယ်။ တိုက်အောက်မှာကြာပြီရောက်နေတာ။"

"အေး ငါလည်းခုဏက ငါ့အစ်မနဲ့တွေ့ပြီးပြန်လာတုန်းက တွေ့လိုက်သေးတယ်။ နင့်ကိုအရမ်းလွမ်းနေပုံဘဲ လဝန်းရယ်။ နင်စိတ်ကောက်ပြေလိုက်ပါလား။"

"ငါစိတ်ကောက်နေတာမဟုတ်ဘူး ရွှန်းလဲ့။"

"နင်တို့ဘာဖြစ်နေတာလဲဆိုတာလဲ ငါတို့မသိရဘူးလေဟယ်။ အစ်မကိုဒီလိုပစ်ထားတာတော့ မကောင်းပါဘူးဟယ်။ ၁ပတ်လောက်ရှိနေပြီမလား"

"အေး ရှိ‌ေနလောက်ပြီ"

အကုန်လုံးကို ဖြစ်ကြောင်းကို မပြောရသေးသောကြောင့် ပုံမှန်ရန်ဖြစ်စိတ်ကောက်တာလောက်ဟုသာထင်နေကြသည်။
ထိုနေ့ကဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်မှ...

"ဟယ် ဒါတော့ တော်တော်များတာဘဲ"

"ဟဲ့ ယွန်းယွန်း၊ နင်ဘဲခုဏကကျတော့ ဒီလိုပစ်ထားတာမကောင်းပါဘူးဆို"

"အဲ့အစ်မကဒီလိုမျိုးဆိုတာကို ငါမှမသိတာကို။ ဒီလိုကတော့ အဆင်မပြေပါဘူးဟာ"

ကျန်၃ယောက် ဒေါသတွေထွက်နေကြချိန်မှာ ငြိမ်သက်နေရာမှ စကားထပြောသူကတော့ ဖြိုး

"လဝန်း လောလောဆယ်တော့ အစ်မကိုပြန်ဖို့သွားပြောလိုက်ဦး"

"ငါမပြောချင်ဘူး။ သူ့မျက်နှာမြင်တာနဲ့ငါစိတ်ပြန်ပျော့သွားမှာငါသိတယ်။ ခဏလောက်တော့ သူနဲ့‌မတွေ့ဘဲ ငါသေချာစဉ်းစားမှရမယ်ထင်တယ်"

"အေးး အဲ့တာဆို ငါသေချာသွားပြောပြလိုက်မယ်။ နင်ပြန်ခိုင်းလိုက်တာလို့တော့ ပြောလိုက်မယ်နော်"

bitter & sweet { Completed }Where stories live. Discover now