Final

6.5K 270 13
                                    

:::::::::UNI::::::::::

လိ‌ေမ္မာ်ရောင်တောက်တောက်နေလုံးကြီးရယ်၊
ကမ်းစပ်ကိုလာထိကပ်နေတဲ့ ရေလှိုင်းတွေရယ်၊
နူးညံ့နေတဲ့သဲသောင်ပြင်ရယ်၊
ဆေးလိပ်ငွေ့အချို့နဲ့ အရက်တစ်ချို့၊

" 'မ' "

"အွန်း"

"‌ဒီလိုဘဲအမြဲနေသွားကြရအောင်လား"

"ဘယ်လိုနေချင်လို့လဲ ငယ်"

" ပင်လယ်ကြီးရယ်၊ ဆေးလိပ်နံ့လေးရယ်၊
'မ' ရယ် "

စကားတွေကိုအစီအရီပြောနေသော နှုတ်ခမ်းလေးကို နေနိုင် အချိန်ခဏအကြာထိ နမ်းရှုံမိနေသည်။

" ငယ် ကကိုယ်ဆေးလိပ်သောက်တာကို အဲ့လောက်တောင်ကြိုက်တာလား"

"ဆေးလိပ်ကိုမကြိုက်ပါဘူး။ ငယ့်ကို နမ်းလိုက်တဲ့အချိန်မှာ ရလိုက်တဲ့ 'မ' နှုတ်ခမ်းက ဆေးလိပ်နံ့လေးကိုကြိုက်တာ"

နေနိုင် သဲသောင်ပေါ်ကိုလှဲချလိုက်ကာ ကောင်းကင်ကိုကြည့်ရင်း

"မလွယ်ဘူးနော် ငယ် က"

"ဟင် ဘာလို့လဲ"

"ခုမှလက်ထပ်ပြီးကာစကို ဒီလောက်တောင်ချုပ်ထားတော့ဖို့လား။ ရှေ့ဆက် ကိုယ် ဘယ်လိုလုပ်ရတော့မှာလဲ။"

"ဘယ်လိုမှကိုမလုပ်နဲ့လေ။ ဒီတိုင်းနေ"

လဝန်းသူက နေနိုင်ကိုယ်ပေါ်သို့ ခွရက်အနေအထားဖြင့် နေလိုက်စဉ် နေနိုင် မျက်လုံးပြူးမိသွားသည်။

"ငယ် လူတွေနဲ့လေ"

လဝန်းသူက နေနိုင့်စကားကို နားမထောင်တော့ဘဲ နေနိုင့်နှုတ်ခမ်းများကို စုပ်ယူကာစတင်နမ်းရှိုက်နေတော့သည်။ ထို့နောက်
ထို့နောက် လဝန်းသူသည် ဝတ်ထားသည့်တီရှပ်ကိုပါ ဆွဲချွတ်လိုက်သည့်အတွက် ရေကူးဝတ်စုံသာကျန်တော့သည်။
ရေကူးဝတ်စုံဆိုသည်မှာမထူးဆန်းသော်လည်း နေနိုင့်အတွက်တော့ လဝန်းသူကို ‌လူမြင်ကွင်း‌တွင်ရေကူးဝတ်စုံတစ်ထပ်တည်းနှင့်သာ ထားဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်။
ချက်ချင်းပင် လဝန်းသူကို ဘေးနားတွင်လှဲချစေလိုက်သည်။

"ငယ် ခဏလေး"

ထို့နောက် လဝန်းသူဆွဲချွတ်လိုက်သည့်တီရှုပ်ကို ပြန်ဝတ်ပေးနေသည်။
တီရှပ်ပြန်ဝတ်ပေးနေသည့်နေနိုင်ကို လဝန်းသူက မေးစေ့ကိုလှမ်းကိုက်ကာ စနောက်နေသည်။

bitter & sweet { Completed }Where stories live. Discover now