:::::::UNI::::::::
"လဝန်း နင်အဲ့ spicy ခေါက်ဆွဲတွေစားနေပြန်ပီလား?"
ကျောင်းပိတ်ထားသောကြောင့် video call ပြောနေကြသော လဝန်းသူတို့ သူငယ်ချင်းတစ်စု
"ဟယ် ငါကဒီတစ်လလုံးနေမှ ဒါပထမဆုံးတစ်ခါစားတာလေဟယ်"
"အေးးး နင့်ရောဂါအကြောင်းနင်မသိလို့လား?"
"ဟီး ရွှန်းလဲ့ကလည်း ပြီးရင်ဆေးသောက်လိုက်မှာပါလေ"
"အေးးး ကြပ်ကြပ်လုပ်။ နင်မဖြစ်ဖူးတာလည်းမဟုတ်ဘူး။"
အကုန်လုံးပြောနေတုန်း စားလက်စခေါက်ဆွဲ ကုန်သွားလေသည်။
"ကုန်သွားပြီ ဟီး"
"အေးအေး ဆေးသောက်။ နင်စားပြီးသွားရင် ဂိမ်းဆော့မယ်။"
Messenger function တွင်ပါသော ဂိမ်းအသေးစားလေးကို ဆော့ရင်း ရီလိုက်မောလိုက်ဖြင့် နာရီဝက်လောက်ကြာသွားလေသည်။
'ဖြိုး တို့ပြောလို့ ငါစိတ်ထင်နေတာလားမသိ။ ဗိုက်နာလာသလိုဘဲ။ အားး ကျစ်'
"ဟဲ့ လဝန်းမ နင်အလှည့်လေ"
"အေး အေးး"
နောက်ထပ်၁၀မိနစ်လောက် ကြာသွားသည့်တိုင် စိတ်ဖျောက်နေသော်လည်း အခြေအနေပိုဆိုးလာလေသည်။
"အားး ငါမရတော့ဘူးး"
"ဟဲ့"
"ဟဲ့ ဗိုက်နာတာလားး?"
"မေမေရေ မေမေ!!! ဗိုက်နာတယ် ဗိုက်အောင့်တယ်"
ဆေးရုံသို့ရောက်သော်
"လူနာရှင် လူနာကခွဲခန်းဝင်ရမှာ။ လက်မှတ်လေးထိုးပေးပါ။"
"ဟုတ်ကဲ့"
"ဆရာ ဆရာ ကျွန်တော့်သမီးဘာဖြစ်တာလဲဆရာ"
"လူနာက အစာအိမ်သွေးကြောပေါက်တာ။ ဆေးမှတ်တမ်းအရ အရင်ကတည်းအစာအိမ်မကောင်းခဲ့တာဘဲ။"
"အရမ်းစိုးရိမ်ရလား ဆရာ။"
"မစိုးရိမ်ပါနဲ့။ ပုံမှန်ခွဲစိတ်မှူပါဘဲ။ ခွင့်ပြုပါဦး"
___________________________________
"ဟယ်လို မနေခြည်လား။"
"ဟုတ်ကဲ့ ညီမရွှန်းလဲ့ပြောပါ"
YOU ARE READING
bitter & sweet { Completed }
Romanceအချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုပေးနိုင်တယ်ဆိုရင် အရာရာအဆင်ပြေနိုင်ပါတယ်။။။။ နေခြည်ထက်နိုင် တကယ်ချစ်မိသွားလို့ အစ်မထွက်သွားချင်တဲ့အချိန်ရောက်ရင် မလွှတ်ပေးနိုင်မိမှာ အကြောက်ဆုံးဘဲ။ ...