Metting with system

23.8K 1K 62
                                    

Unicode

သူ့နာမည်က XiaoZhan....အသက်က21(ficအရ)Third yearရောက်ပီ ပေကျင်းမြို့ S University မှာ တက်တယ် ဒါပေမဲ့ သူက သူများတေလို စာချည်းလုပ်နေ ကျောင်းချည်းတက်နေတဲ့ သူမဟုတ်...သူအထက်တန်းအောင်ကထဲက စုထားတဲ့ ပိုက်ဆံကို အရင်းအနှီးလုပ်ကာ Design Company တစ်ခုထောင်ထားသည် ဒါကြောင့် ကျောင်းကို တက်သည်ကပုံမှန်မရှိ ဒါပေမဲ့ အမြဲကျောင်းမှာ အဆင့်တစ်ရလေ့ရှိသည်။ သူ့မှာ ညီမတစ်ယောက်ရှိသည် XiaoZhanမှာ မိဘလဲဲမရှိ သူငယ်ချင်းလဲ မရှိချေ သူ့အသက်14နှစ်အရွယ် ထဲကဆုံးသွားတာဖြစ်တာကြောင့် သူ့ညီမလေးအတွက် သူရုန်းကန်ခဲ့ရသည်။ယခုတော့ စားနိုင် သောက်နိုင်နေပြီ သူ့ရဲ့ညီမလေးကတော့ ယခု အသက်19ရောက်ပီ ယနေ့ ညီမလေးမွေးနေ့မို့ အိမ်သို့စောစောပြန်လာခဲ့သည် ပြီးတော့ မီးဖိုချောင်ထဲဝင်ကာ Birthday cake တစ်လုံးလုပ်ကာ စောင့်နေလိုက်သည် သူ့ညီမ နဲ့သူက ကျောင်းမတူတော့ တူတူ.ပြန်လာလေ့မရှိတာကြောင့် သွားမကြိုနေတော့.....ခနနေတော့ ညီမလေးပြန်လာသည်မို့ မီးများမှိတ်ကာ.စောင့်နေလိုက်သည်

"ကိုကိုရေ....''

"Happy Birthday to you
Happy birthday to you
Happy birthday dear my sister
Happy birthday to you''

"ကိုကို ကျေးဇူးပါ''

"ဖယောင်းတိုင်မှုတ်လိူက်အုံး''

"ဟုတ်''

အဲ့နေ့ညမှာ မောင်နှမနှစ်ယောက် ပျော်ရွှင်စွာ မွေးနေ့ကို ဖြတ်သန်းခဲ့တယ်

ဒါပေမဲ့ ကံမကောင်းစွာနဲ့ နောက်တစ်နေ့မှာညီမလေးအတွက် ရေခဲမုန့် ဝင်ဝယ်တုန်း ကားတိုက်ခံလိုက်ရတယ်

'လောကကြီးရေ fuckပဲနော် ငါမိန်းမ တောင်မယူရသေးဘူးလေ သောက်ဂွပဲ $%^&%^&@#$''

ဒါကတော့ Xiaozhan မသေခင်လေးမှာ  လောကကြီးအတွက်ဆဲပေးခဲ့တယ်... တစ်ခါထဲ ဖူးစာရေးနတ်မင်းကို ပါ ရောပြီး ကြိမ်ဆဲခဲ့တယ်......

**************

{System မှ ချိတ်ဆက်နေပါသည်.......ချိတ်ဆက်မှူပြီးစီး}

Xiao Zhan စက်ရုက်လိုလို ဘာလိုလိုရဲ့ အသံကြားတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင်ဟင်းလင်ပြင်ကြီး ဘယ်ကြည့်ကြည့် အဖြူရောင်တေချည်းပဲ ဘယ်လိုကြီးလဲ

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now