Arc(1.2)

11K 978 50
                                    

Unicode

"ငါ့နာမည် ရှောင်ကျန့်...''

တစ်ခန်းလုံးတိတ်ဆိတ်နေစဥ် ေရှ့မှ ကောင်လေးက ခါတိုင်းလို တစ်ခုမူမမှန်တာနဲ့ အပုတ်ချတော့တယ်

"ဟက်.. ရုပ်လေးချောသွားတာနဲ့ မင်းရဲ့ သံချေးတက်နေတဲ့ ဦးနှောက်က ပြောင်းလဲမသွားဘူး''

"Aww သံချေး ဟုတ်လား သံချေးတက်နေတာ မင်းလား ငါလား''

"ဘာကွ!!"

"အိုးဟိုး ငါက ဘာပြောလို့လဲ မေးရုံလေးပဲ မေးတာကို အဲ့လောက်စိတ်ဆိုးသွားမယ် မထင်ထားဘူး''

"မင်း! မင်း!"

ထိုကောင်လေးက မင်းကနေမတက်တာကြောင့် ရှောင်ကျန့်လဲ စိတ်မရှည်တော့ကာ

"အင်းး ငါလေ ဘာလို့?''

ကောင်လေးသည် ပြောစရာ မရှိတော့သဖြင့် တောက်ခ်ခေါက်ကာ ထွက်သွားသည် အခန်းထဲကလူတေကလဲ သူ့ကို အံ့သြသလိုကြည့်ကြသည် အေးပေါ့ ဒီကိုယ်က တစ်ခါမှဒီလိုမပြောဖူးဘူး အမြဲ ခေါင်းငုံ့ခံတာလေ အဲ့တော့ ဒီလိုပြောတော့အံ့သြတာ မဆန်းပါဘူး

ထိုချိန် bell တီးပီမို့ အတန်းပိုင် ဆရာမရောက်လာကာ ဆရာမက..

"ကဲ ကဲ တိတ်တော့ ဆရာမ မနေ့က စာမေးမယ်လို့ ပြောခဲ့တယ်နော် အဲ့တော့ ဆရာမ ရှေ့မှာ ဥပမာပုဒ်စာ တစ်ပုဒ် တွက်ပြမယ် နောက်မှ တစ်ယောက်တစ်ပုဒ် ထွက်တွက်ရမယ် ဆရာမ နာမည်ခေါ်မယ် နားလည်လား''

"ဟုတ်ကဲ့''×all

ဆရာမသည် ပုဒ်စာကို တွက်ပြလေသည် တွက်နေစဥ် ရှင်းပြသည် ထိုစဥ် ခုနက ရှောင်ကျန့်ကိုပြောသွားသည့် ကောင်လေးသည် သူ့အား ​လှောင်သလို လှမ်းကြည့်သည် သူလဲ မသိချင်ယောင်သာ ဆောင်နေလိုက်သည် ထို့နောက် သူ့အလှည့်ရောက်လာကာ

" ရှောင်ကျန့်!''
တိုက်တိုက်ဆိုင်ဆိုင် သူတွက်ရမည့်အပုဒ်က အလွန်ခက်သည့် အပုဒ်ပင်

ဒါကြောင့် အခန်းထဲက လူတေဟာ ရှောင်ကျန့် အားလှောင်ရန် အသင့်ပြင်ထားကြသည် အဲ့ပုဒ်စာက အရမ်းခက်သည်မို့ တွက်နည်းရော အဖြေပါ တစ်ခန်းလုံးမသိ ဒါပေမဲ့ အခန်းခေါင်းဆောင်နှင့် ဆရာမကတော့သိသည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now