Arc (3.4)

8.8K 738 59
                                    

Unicode

တစ်လဆိုသည်ဟာ အချိန်တိုလေးတစ်ခုသာသာ မနက်ဖြန်ကနေစပီး အချစ်တွေမွေးဖွားရာ ဇာတ်လမ်းတွဲကို စတင်ရိုက်ကြတော့မည်  ဇာတ်လိုက်မစီစဥ်ထားသည့်အတိုင်း လူရွေးပွဲနေ့မှာ သူမအောင်သွားခဲ့သည် သူမဟာ.ယခုထိ လီဆောင်းဝူနဲ့ ဂင်ဂျွန်ဟော့ ရည်းစားတွေ ဖြစ်နေတာ သိသေးပုံမပေါ်သေး...ဒါပေမဲ့ မြောင်းတွေဖောက်လွန်းလို့ ပင်လယ်ကြီးပင် ဖြစ်တော့မည် တစ်လအတွင်းမှာ ဇာတ်လိုက်မဟာ.လီဆောင်းဝူအား ညကြီးအချိန်မတော်ဖုန်းဆက်ပြီး ညုတူတူအသံဖြင့် သတိရလို့ဘာညာ, နေ့ခင်းပိုင်းတွေကျပြန်ရင်လဲ နေ့လည်စာစားရင် တစ်ယောက်ထဲမို့ ဘာညာနဲ့ နေ့နဲ့ညအားလပ်တယ်ကို မရှိ ဒီလိုပြောလို့ ဇာတ်လိုက်မက ဇာတ်လိုက် ကို လက်လျှော့လိုက်ပီထင်လား နိုးနိုး လီဆောင်းဝူကို မြူစွယ်ရင်း ဂင်ဂျွန်ဟော့ကိုပါ မြူစွမ်တိုက်ပါသေးတယ်

ဇာတ်လမ်းကိုထုတ်လွှင့်ဖို့ တာဝန်ယူထားသည့် ကေ အင်တာတိန်းမန့်ရဲ့ Pageတွင် ဇာတ်လမ်းရဲ့ ပိုစတာကို အရင်တင်ထားသည် ပုံသည် ဂျင်ယယ်ဝန်းသည်စာရေးနေပြီးဂင်ဂျွန်ဟော့မှ စားပွဲကို လက်နှင့်ထောက်ကာ ဂျင်ယယ်ဝန်း အားကြည့်နေပုံဖြစ်သည် ထိုပုံထဲတွင်မှ လီဆောင်းဝူက ဘေးနာမှ လက်ပိုက်ကာ ရပ်နေပုံမျိုးဖြစ်သည် ပိုစတာ သုံးယောက်ပုံပင် ထိုပုံတက်လာသည်နှင့် ဂင်ဂျွန်ဟော့ရဲ့ဖန်တွေရော နာမည်နည်းနည်းရှိနေတဲ့ ဂျင်ယယ်ဝန်း ရဲ့ ဖန်တွေရော လီဆောင်းဝူကို ကြိုက်လာကြတဲ့ ဖန်တွေရော အုံအုံကြွက်ကြွက်ဖြစ်လာကြသည်

ဂျွန်​ဟော့က ငါ့ယောက်ျား:အားး ငါ့ယောကျ်ားက ချောနေရော!!!

ဂျွန်ဟော့မှဂျွန်ဟော့:အားးး. ဝတ်ထားတဲ့ အင်္ကျီလေးသာ ဖြစ်လိုက်ချင်တယ်

ဟုတ်ကဲ့ ကျယ်မစင်ဂယ်:ဟေး ဟေး ဘေးက ကောင်လေးက ဘူလေးလဲ

Fujoshiမားမား@ဟူတ်ကဲ့ ကျယ်မစင်ဂယ်;
အဲ့ဒါ အသစ်လေး သူ့နာမည်က လီဆောင်းဝူတဲ့

ငါဒီတစ်သက်ယောကျ်ားမယူဘူး:အား ငါဘာလို့ အနံတွေရနေတာပါလိမ့်

ငါသေပီ:အပေါ်ကတစ်ယောက်ရေ ပို့စ်လေးကို သန့်သန့်လေးထားစမ်းပါဟ

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now