Arc (4.7)

7.1K 712 29
                                    

Unicode

ယနေ့ညနေ လီသခင်မကြီးဟာ.Company နှစ် ၅၀ပြည့် အခမ်းအနားအားကျင်းပဖို့ရှိသည်...မုအိမ်တော်ကို ဖိတ်ဖို့ လီရှင်းရန် လီသခင်မကြီးအားပြောထားလိုက်သည် အဓိက ဇာတ်ဆောင်တွေ မလာလို့ ဘယ်ရမလဲ ဟုတ်တယ်မလား..သေချာပေါက် မုအိမ်တော်ရဲ့ရှယ်ယာဝင် ဝမ်အိမ်တော်က ဝမ်ဟန်ဖေးနဲ့ ကုအိမ်တော်က ကုချင်ယွီကိုလဲ ဖိတ်ရတာပေါ့ အိုးး လျို့ဝှက်ချက်တစ်ခု ပြောပြမယ် ဒါကလဲ သူ systemဆီကနေ အစ်ပီး သိထားရတာ အဲ့ဒါကဝမ်ဟန်ဖေးနဲ့ ကုချင်ယွီက ချစ်သူတွေ ဒါကို ကုအိမ်တော်ရော ဝမ်အိမ်တော်ကပါ ခွင့်ပြုထားတယ် ဒီမှာအတူမရှိတာက အဲ့နှစ်ယောက်က လက်တောင်မထပ်ရသေးပဲ ပျားရည်စမ်းခရီးကို ကြိုထွက်နေလို့..ပြီးတော့ သူတို့ မုအိမ်တော်ကိုထည့်ထားတဲ့ ရှယ်ယာတွေက မဖြစ်စလောက်တွေမလို့ ထည့်ထားမိမှန်းမေ့နေကြတာ...သူတို့က မုအိမ်တော်ဆိုတာ ဘယ်ကအိမ်တော်တော်မှန်းကို မသိကြဘူး..ပြီးတော့ သူတို့နှစ်ဦးက အလွန်ချစ်ကြတဲ့ စုံတွဲတွေ ဒါကြောင့် မကြာခင် ဇာတ်လိုက်မ ခွေးစာလဲ စားရတော့မယ် ပုလင်းကွဲလဲ ရှတော့မယ်...
ဒါကိုမသိပဲ မုအိမ်တော်က အများကြီး ပြင်ဆင်ပီး သရုပ်ဆောင်တော့မှာပဲ..

*ဒေါက်*

*ဒေါက်*

"မြေး ရန် အဆင့်သင့်ဖြစ်ပြီလား''

"ဟုတ်ဖြစ်ပီဖွား..လာပီ..''
သူတံခါးဖွင့်လိုက်တော့ လီသခင်မကြီးဟာ သူ့အား ပြုံးပြပြီး သူ့အနားတိုးလာကာ အင်္ကျိကို သပ်ရပ်အောင် သေချာပြင်ဆင်ပေးသည်
"လာသွားရအောင်..''

"ဟုတ်''

ကုယွမ်ဟာ ယနေ့ ပါတီကို နောက်ကျမှ လာလိမ့်မည်....နိုင်ငံခြား ဧည့်သည်တစ်ယောက်နဲ့ အရေးကြီးတွေ့စရာရှိသည် ဒါပေမဲ့ ပါတီချိန်အမှီတော့ ရောက်လာလိမ့်မည် ဒါကြောင့် လီရှင်းရန် သူ့အဖွားနဲ့ အတူ သွားခြင်း....

ပါတီကိုရောက်တော့ ညနေ6နာရီလောက်ရောက်နေပီ ပါတီထဲတွင် လူတွေ စုံနေပီဖြစ်သည်

လီရှင်းရန် ထင်ထားသည့်အတိုင်း မုအိမ်တော်ဟာ အလွန်တောက်ပြောင်နေအောင် ဝတ်ဆင်ထားကြသည် မသိလျင် ဒီပွဲဟာ.သူတို့စီစဥ်ထားသည့် ပွဲလိုမျိုး လူတိုက်းကိုဖော်ရွေစွာ နှုတ်ဆက်သည် မုချင်းဟာ အနောက်တိုင်းဝတ်စုံအဖြူရောင်လေးကို ဝတ်ဆက်ထားသည် ဒါကြောင့် မိုးပေါ်က ကျလာတဲ့ နတ်သားအလား.ချောနေတာကြောင့် ယောကျ်ားသားအချို့က ထိုနားမှာသာ တဝဲလည်လည်ဖြစ်နေသည် ဒါကို လီရှင်းရန်မြင်တော့ မျက်ခုံးပင့်မိသည် ကြည့်ရတာ.ဇာတ်လိုက်မရဲ့ အော်ရာက ကျန်နေသေးတယ်နဲ့တူတယ်..

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now