Arc (6.2)

5.9K 646 22
                                    

Unicode

ရှိုင်းမင်းခန့်သည် သူ့စက်ဘီးအား လမ်းကြောင်းပြောင်းကာ ဇာတ်လိုက်ဘက်ကို လှည့်လိုက်သည်။ ပြီးနောက် ဇာတ်လိုက်ရှေ့မာရပ်လိုက်ကာ အိပ်ကပ်ထဲရှိ ဖုန်းကို ထုတ်ပီး
"အဲ့မှာ...မင်းပေးထားတဲ့ ဖုန်း...''

ဟိန်းမာန်ထက် ဆိုသူသည် မျက်ခုံးပင့်...ပခုံးတွန့်ပြပီး
"ငါက ပေးပြီး ပစ္စည်းပြန်မယူဘူး''

"အဲ့လိုဆို...ငါလဲ ပတ်သတ်မှုမရှိတော့တဲ့ လူပေးထားတာကိူ အမြတ်တနိုးသိမ်းထားမဲ့သူမဟုတ်ဘူး မယူချင်လွှတ်ပစ်...အဆင်ပြေလား''
ပြောပြ ဖုန်းအား လှမ်းပစ်ပေးလိုက်သည် ဟိုကလဲ ရုတ်တရပ်မို့ ပစ်ပေးတဲ့ဖုန်းကို လှမ်းဖမ်းလိုက်မိသည် ဒေါသတကြီးအော်မဲ့ချိန်မှာ ရှိုင်းမင်းခန့်မရှိတော့....

ရှိုင်းမင်းခန့်သည် ပြောစရာရှိတာ ပြော...ပေးစရာရှိတာ ပေးပြီး အလုပ်ကိုစက်ဘီးဖြင့် သွားလိုက်သည် ဆိုင်ရှေ့ရောက်တော့ စက်ဘီးကို ရပ်လိုက်ကာ...ဆိုင်ရဲ့ ဘေးနားက နေရာလွတ်ကလေးမှာ စက်ဘီးကို ဒေါက်ထောက်ပီး သော့ခတ်လိုက်သည် သော့ကို သူ့ရဲ့ ဘောင်းဘီအိပ်ကပ်ထဲထည့်ကာ...ဆိုင်တွင်းသိူ့ဝင်လိုက်သည်

ဆိုင်ရှင်အမသည် ရှိုင်းမင်းခန့်အပေါ် အလွန်ကောင်းမွန်သည် သူမက ရှိုင်းမင်းခန့်ကို မြင်တာနဲ့
ပြုံးရွှင်ကာ
"အယ်...မောင်လေး..ရောက်ပီလား''

"ဟုတ်အမ..ခုလေးတင် ရောက်တာ...''

ထိုချိန်...ဆိုင်ပေါက်ဝမှ ဘဲလ်သံကို ကြားလိုက်သဖြင့်...ရှိုင်းမင်းခန့်က ကောင်တာတွင် ထိုင်နေလျက်မှ မတ်တပ်ထပြီး....

"ကြိုဆိုပါတယ်...ဧည့်သည်ခင်ဗျ...ဘာများသုံးဆောင်မလဲ..''
လို့မေးပြီး မော့ကြည့်လိုက်တော့...ဟိုအကောင်..ဇာတ်လိုက်..ဒီကောင်က ဒီလိုဆိုင်တွေမှာ လာဝယ်စားလေ့မရှိဘူး...ဘာဇယားတွေလာရှုပ်အုံးမလို့လဲ...

"အမေရီကာနိုတစ်ခွက်...''
အသံမှာ ခပ်ဩဩ....

"ဟုတ်ကဲ့ အမေရီကာနိုတစ်ခွက်ရပါပီ...''

ဇာတ်လိုက်က သူမှာတာရသည်နှင့် ထွက်သွားလေသည်

ညနေ၄နာရီ အလုပ်ဆင်းချိန်ဖြစ်သည်
ရှိုင်းမင်းခန့်သည် ဆိုင်ရှင်အမကို နှုတ်ဆက်ကာ အိမ်ကိုပြန်လာခဲ့သည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now