Arc (5.4)

6.5K 683 20
                                    

Unicode

လီရိုလဲ ဆိုရက်စ်အိမ်တော်က အပြန်မှာ ခုနက သူ့နောက်ကို လိုက်ခဲ့တဲ့ ကားနှစ်စီးအကြောင်းကို စဥ်းစားလိုက်တယ် Xianပြောပုံအရဆို အဲ့သူံးယောက်လုံး အိမ်မှာ ကျန်ခဲ့တာ...စကားဘာညာပြောနေတဲ့အချိန်မှာ သူက ဆိုရက်စ်အိမ်တောင် ရောက်နေပီ
ဒီတော့ မူလကိုယ်နဲ့မတည့်တာ ဘယ်သူရှိသေးလဲ...ထို့နောက် လူတစ်ယောက်ကို လီရို တွေးမိသွားပီ မဲ့ပြုံးပြုံးကာ ထိုလူ့ဆီကို ဖုန်းဆက်လိုက်သည်။

တစ်ဖက်မှ ဖုန်းကိုင်ပြီး
"မစ္စတာလီရိုက ဖုန်းတွေမဆက်သဖူး ဆက်လို့ပါလား...''

"ဒါပေါ့ မစ္စတာဂျွန်ဝီစတင်နေကောင်းပါရဲ့လား''

"ကောင်းပါဗျာ...မစ္စတာ လိီရိုအားရငျ အိမ်ကိုလာလည်ပါအူံး''

"ဖိတ်တဲ့သူက ဖိတ်တော့ လာရမှာပေါ့ဗျာ...ဒါဆို..ကောင်းသောနေ့လေးဖြစ်ပါစေ...''

"ကောင်းပီဗျာ...''
ဖုန်းချသံနဲ့အတူ လီရို အိမ်တော်ကို တန်းတန်းမောင်းနေရာမှ လမ်းအချိုးတစ်ခုမှာ ကွေ့လိုက်သည်...

မိနစ်အနည်းငယ်အကြာမှာ အိမ်တော်တစ်ခုသို့ ရောက်လာခဲ့သည် လီရို ဟွန်းတစ်ချက်တီးလိုက်တော့ အန်တီကြီးတစ်ယောက်မှ တံခါးလာဖွင့်ပေးသည် သူလဲ ကားဆက်မောင်းလာပီး အိမ်ပေါက်ဝနားမှာ ကားရပ်လိုက်သည် သူကားထဲမှ ထွက်တာနဲ့ တစ်ပြိုင်နက် အိမ်ပေါက်ဝမှာ လူတစ်ယောက် ရပ်နေကာ ပြုံးနေခဲ့တယ် ဘယ်လိုပြောရမလဲ အဲ့လူရဲ့အပြုံးကရှေးခေတ်က ဘုရင်တွေကိူဖားရင်ပြုံးပြတဲ့ မိန်းမစိုးအပြုံးကြီး!

"လာဗျာ..မစ္စတာလီရို....''

သူလဲ ဧည့်ခန်းမှာဝင်ထိုင်လိုက်သည်။ ခြေတစ်ဖက်ကိုချိတ်ကာ ခါးကိုမတ်ထားတာက အလွန်ကို ကြည့်ကောင်းနေသည်

"မစ္စတာလီရိုက ဆိုရက်စ်အိမ်တော်ရဲ့ဆည်းလည်းလေးဆိုပဲ...ယုန်သူငယ်လေးကို  စားဖိူ့ အမြဲချောင်းနေတတ်ကြတဲ့ သတ္တဝါတွေ အများကြီးပဲ..''

လီရိုက ရီလိုက်ပီး
"ဟဟ...အဲ့ဟာတွေထင်နေတဲ့ ယုန်သူငယ်လေးက စိတ်တိုရင် တောရိုင်းကျားတစ်ကောင်လိုပဲ ဆိုတာ သိကြမယ်မထင်ဘူး''

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now