Arc (4.10)End

7.5K 709 36
                                    

Unicode

မုကျန်း(မုသခင်ကြီး)ဟာ သူ့မိန်းမ ဒီရက်ပိုင်း ပိုက်ဆံတွေဘယ်ကရမှန်းမသိချေ ဒါပေမဲ့ သူဟာ ပျော်ပျော်ကြီးကို သုံးဖြုန်းပစ်တာ ဖြစ်သည် မဖြစ်နိုင်တဲ့ ပရောဂျက်တစ်ချို့ကို သူဝယ်တယ်...သူအနောက်တိုင်း ဝတ်စုံအချို့ကိုလဲ အားရအောင် ဝယ်ခဲ့သေးတယ် သူ့နည်းတူပဲ မုချင်းကလဲ နာမည်ကြီး တံဆိပ်နဲ့ အင်္ကျီတွေကို ဝယ်ဝတ်တယ်..သူငယ်ချင်းတွေကြားထဲမှ မြောက်ကြွမြောက်ကြွနဲ့နေနိုင်သည် လူကုံထံ အသိုင်းအဝိုင်းက ယောကျ်ားကြီးအချိူ့နဲ့လဲ ဖြစ်ချင်တိုင်းဖြစ်နေသည် မူချင်းရန်လဲ နည်းတူပဲ သူမက သူမရဲ့ အမျိုးသမီးမိတ်ဆွေတွေကြားထဲကို လက်ဝတ်လက်စား.အကောင်းစားတွေ...အဝတ်အစားအကောင်းစားတွေ...ပိုက်ဆံအိတ်အကောင်းစာတွေ...ဝယ်ပြီး နေရာ အရယူတယ် ဒါပေါ့ သူတို့သုံးဖြုန်းနေတာက တစ်ခြားသူရဲ့ပိုက်ဆံဆိုတာ..အဲ့လူဆီမှာ လိုတာထက်ပိုပြီး အကြွေးတင်နေပီဆိုတာ...လုံးဝကို မေ့နေခဲ့တယ်

အဲ့လူကလဲ ဒီအဖြစ်အပျက်တွေကို ခန့်မှန်းထားတဲ့ အတိုင်းပဲ အေးအေးလူလူ အဲ့ဒါထက် သူက ပိုတောင် ပျော်နေသေး အဲ့မုမိသားစု သူ့အကွက်ထဲဝင်လာပီမို့... ဒါဆို စီစဥ်သူက ဘယ်သူလဲ သေချာပေါက် ကုယွမ်လေ... အကြောင်းစုံကို မသိခင် လွန်ခဲ့တဲ့ တစ်ပတ် သူ့ကလေးလေး တငိုငိုတရယ်ရယ် ဖြစ်နေကတည်းက သူအဲ့ မုမိသားစုကို ငြှိုးတေးထားပြီးသား ဒါကြောင့် သူ့အကိုနဲ့ပေါင်းပြီး ဒီလိူလုပ်ခဲ့တာ အစက ကုချင်ယွီကို ထည့်မတွက်ခဲ့ဘူး ဒါပေမဲ့ ကုချင်ယွီဆိုတဲ့ အကိုနှစ်က မုမိသားစုကို မုန်းနေတာပဲမလို့သာ...

...........
လီရှင်းရန်ရဲ့ အိပ်ခန်း...အိပ်ယာပေါ်မှာ ဖြစ်သည်

"ကလေးလို့.......''

ကုယွမ်ဟာမကြီးမငယ်ဖြင့် လီရှင်းရန်ရဲ့ ရင်ခွင်ထဲကို သူ့ရဲ့ ခန္တာကိုယ်ကြီး ပစ်ဝင်ကာ ချွဲလေသည်

ဖွဈပုံကဒိီလို ကုယွမ်က သာယာတဲ့မြို့ပြနေရာလေးမှာ ကွန်ဒိုတစ်လုံးကို ဝယ်ထားတယ်..အိမ်ကို သေချာမွမ်းမံထားတယ် မနက်ဖြန်မနက်ခင်းကို လီရှင်းရန်ကို ကုယွမ်က အဲ့အိမ်ခေါ်သွားချင်တာ ဖြစ်ချင်တော့ မနက်ဖြန်က လီသခင်မကြီးရဲ့မွေးနေ့ ဒါကြောင့် နောက်တစ်ပတ်မှ သွားရအောင်လို့ လီရှင်းရန်က ပြောမိတာကို ကုယွမ်က မနက်ဖြန် သွားမှ ဖြစ်မှာတဲ့ လီသခင်မကြီးရဲ့မွေးနေ့ကို ညပိုင်းကျင်းပပြီး တန်းသွားရအောင်တဲ့ ဒီလိုဆိုတော့ ဟောဒီကအချောကြီး လီရှင်းရန်က သိပ်မသင်္ကာချင်တော့ဘူး ဘာအကွက်တွေလဲနော် ဝွန်း ဒီလိုပြောလို့ မလိုက်ဖူးလား ဆိုရင် လိုက်မှာပေါ့...ဟိုရောက်လို့ သူလူကြီးက သူ့ကို ပိုပို့စ် အဲလေ..ပရိုပို့စ်လုပ်ရင် ဟောဒီက အချောလေး ကြွေရချည်ရဲ့

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now