Arc (4.9)

6.5K 669 41
                                    

Unicode

မုမိသားစုဟာတော့ မကြာခင် ပြင်းထန်စွာ တိုက်ခတ်လာတော့မဲ့ မုန်တိုင်းရှိတာကို မသိပဲ အေးဆေးစွာ နေနေသည် မုချင်းဟာ ယခုထိ ဝမ်ဟန်ဖေးနဲ့ ကုချင်ယွီက တစ်ခုခုပက်သတ်နေမှန်း မသိသေးချေ သူဟာ.သူ့ရဲ့ အမေကိူ ထိုနေ့က ကုချင်ယွီ ပြောသမျှ စကား တစ်ခွန်းမကျန်ပြောပြပီး
မေးလိုက်သည်

"သူက Mommyရဲ့ နာမည်ကို တပ်ပီးခေါ်ရဲတယ် Mommy သူ့ကို အပြင်မှာ မြင်ဖူးလား?..''

မုချင်းရန် စတင် စဥ်းစားလိုက်သည် သူမလွန်ခဲ့တဲ့နှစ်တွေက ရှုပ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပီး သိတဲ့ အစေခံတစ်ချို့ကို သတ်ပစ်ပီးသား ပြီးတော့ သူမကိူ နာမည်တပ်ခေါ်တာဟာ သူမကို မုန်းနေတဲ့ လူတွေပဲ ခေါ်လေ့ရှိတာ..ဒါပေမဲ့ သူမ ကုမျိုးရိုးနဲ့ ပတ်သတ်ဖူးပေမဲ့ အဲ့ကိစ္စကို မပွားအောင်လို့ ဟို လူအိုကြီးနှစ်ယောက်(ကုပါးနဲ့ကုမား)ကိုပါ သတ်ပစ်ပီးသား အကုန်ကုန်အောင် ပြောရရင် ကိစ္စတွေရဲ့ အရင်းခံ ကုအိမ်တော်ရဲ့ သားအကြီးဆုံးကိုတောင် သတ်ခဲ့ပီးပီ..ပြီးတော့ သူမကို နောက်ထပ်နာမည်တပ်ခေါ်လေ့ရှိတာက လီအိမ်တော်က အဘွားကြီးရော သူမကို နာမည်တပ်ခေါ်တာက လက်ချိုးရေရင်တောင် ငါးချောင်းမပြည့်ဘူး ဒီတော့ အဲ့မလေးစားတတ်တဲ့ ကုအိမ်တော်က ကုချင်ယွီက သူမကို နာမည်တပ်ခေါ်တယ်ဆိုတော့ သူ့အသက်က ဘယ်လောက်မို့လဲ သူမ စဥ်းစားရကျပ်သွားပီ ဒါမှမဟုတ်..လွန်ခဲ့တဲ့ နှစ်တွေက သူမကုအိမ်တော်မှာ ရှုပ်ခဲ့တဲ့ အရှုပ်တွေကို အဲ့ကုမျိုးမစစ်လေးက သိသွားတာများလား

သူမအတွေးနဲ့ အတူ ဆတ်ခနဲ တုန်သွားသော်လဲ ဒါက မဖြစ်နိုင် အဲ့တုန်းက ကုချင်ယွီက အငယ်ဆုံးညီလေးနဲ့ ခရီးသုံးလကြာသွားခဲ့တာလေ ပြီးတော့ ကုချင်ယွီက အဲ့လောက်တိကျမှာ မဟုတ်ဘူး အဲ့အချိန်တုန်းက ကုချင်ယွီက အသက်၁၆နှစ်ပဲ ရှိသေးတယ်..

သူမရဲ့ ပူပန်မှုတွေကို သက်ပြင်းလေနဲ့ အတူ မျှောလိုက်ရင်း သူမသားကို အဖြေပြန်ပေးသည်

"Mommyလဲ သေချာမသိဘူး Mommyအဲ့ ကုအိမ်တော်နဲ့ ပတ်သက်ဖူးတာမဟုတ်ဘူး အခု ရှယ်ယာကိစ္စတွေနဲ့တောင် Mommyဝင်ပါတာမဟုတ်တာကို..''

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now