Arc (6.4)

5.8K 612 54
                                    

Unicode

ညနေ ၆နာရီ...မှောင်ရီပျိုးစရှိလာလေပြီ..

တစ်ထပ်အိမ်အပုလေးရဲ့ အိမ်ရှေ့ဝယ် စျေးအလွန်ကြီးသည့်   မီးခိုးရောင်ကားသည် ရပ်နေပြီး ကား၏ဘေးတွင် လူငယ်လေးတစ်ယောက် ရပ်နေလေသည် လူဆင်းရဲရပ်ကွက်မဟုတ်သော်ငြား  ရပ်ကွက်ထဲတွင် မည်သူမျှ ကားမစီးကြချေ...ထိုသို့သော စျေးကြီးကားအား စပ်စုကြသောလူများလဲရှိသည် အထူးသဖြင့် ထိုကားသည် ရှိုင်းမင်းခန့်ရဲ့ အိမ်ရှေ့တွင် ရပ်နေသည်ကြောင့်လဲ ပါသည်

ရှိုင်းမင်းခန့်သည် အမေနှင့် ထမင်းစားပြီး အစာကြေစေရန် လမ်းထွက်လျှောက်လေ့ ရှိသည် အမေကတော့ ထမင်းစားပြီးတော့ ဘုရားရှိခိုးကာ အိပ်သွားပြီဖြစ်သည်  သူသည် လမ်းလျှောက်ရန် ခြံထဲမှ ထွက်ကာ လမ်းကို ကြည့်လိုက်တော့ သူတို့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကားအကောင်းစားကြီးနဲ့ လူတစ်ယောက် ရပ်နေလေရဲ့ အဲ့နားမှာလူတွေကလဲ အုံလို့...သူလဲ စပ်စုမနေပဲ ပုံမှန်အတိုင်း ဟိုဘက်ထိပ်ဒီဘက်ထိပ် လမ်းလျှောက်သည်

[Host...မူလကိုယ်ရဲ့ ဝိဥာဏ်က အကူအညီတစ်ခုတောင်းခံနေပါတယ်.]

'ဘာတဲ့လဲ'

[ဇာတ်လိုက်က နောင်တရပီး ပြန်ဆက်သွယ်လာတဲ့အခါ မူလကိုယ်မပြောလိုက်ရတဲ့စကားတွေရှိတဲ့အတွက်  အဲ့အချိန်ကျရင် သူ့ဝိဥာဏ်ကို ခနဝင်ခွင့်ပြုပါတဲ့...]

'သူအဲ့လို ဝင်နေတဲ့အချိန်ကျရင် ငါဘုံပျောက်သွားမှာပေါ့...'

[ခနလေးပဲကို hostကဘေးကနေ ရပ်ကြည့်နေရုံပဲ...]

'Ok...'

"အမလေး!!.....''
သူက Xianနဲ့စကားပြောနေသည်ကြောင့် ရှေ့က သူကို မမြင်ဘဲ သူ့ဘက်မှ ဝင်တိုက်မိလေသည်.....

"တောင်းပန်....ဟမ်...မင်း!!....''
ရှိုင်းမင်းခန့်တောင်းပန်မို့ရှိသေး ကိုယ်တိုင်မိတဲ့သူကို မော့ကြည့်လိုက်တော့ ဇာတ်လိုက်ကြီးလေ..ဒါကြောင့် သူလဲ တောင်းပန်မနေပဲ လမ်းဖယ်ကာ မသိခြင်ထောင်ထောင်လိုက်တယ်...သူလမ်းဆက်လျှောက်မဲ့အချိန်မှာ...သူ့လက်ကို နောက်မှာ ရုတ်တရပ်လှမ်းဆွဲလေတယ်...ခနယိုင်သွားပေမဲ့ ကိုယ့်ဟာကို ပြန်ထိန်းလိုက်ပီး နောက်က ဆွဲတဲ့တရားခံကို မျက်ထောင့်နီဖြင့် စိုက်ကြည့်ပီး

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now