Arc (4.5)

7.5K 780 72
                                    

Unicode

ယနေ့ မနက်ခင်း သူ့လူကြီးနဲ့ Shoppingထွက်ရန်ရှိသည်ကြောင့် သူဟာ အသေအချာ ပြင်ဆင်ပြီး ထွက်လာခဲ့သည် သူ့လူကြီးဟာ အနာဂတ်အတွက် သတို့သားဝတ်စုံချုပ်ရန် ပိတ်စလာဝယ်သည် ဖြစ်ချင်တော့ ဆိုင်ထဲရောက်မှ လူကြီးက သူ့ ကုမ္ပဏီက ရှယ်ယာဝင်တစ်ယောက်နဲ့တွေ့ကာ ဆိုင်ရှေ့မှာ စကားပြောနေကြသည် သူလဲ အရင်ဝင်နှင့်မယ်လို့ ပြောခဲ့ကာ ဆိုင်ထဲဝင်လိုက်သည် အဲ့အချိန်မှာ ဇာတ်လိုက်မနဲ့ တွေ့တော့သည် ဇာတ်လိုက်မနဲ့ သူဟာ အင်္ကျီတစ်ထည်ထဲကို ရွေးမိကြသည် မုချင်းဟာ လီရှင်းရန်နောက်က ကုယွမ်လာနေတာကို မြင်တော့ ချက်ချင်း မျက်နှာငယ်လေးဖြစ်သွားကာ မျက်ရည်များပိုးပိုးပေါက်ပေါက် ကျလာတော့သည် လီရှင်းရန် အစက ကြောင်အသွားတာပေါ့ 'ဇာတ်လိုက်မက ဂေါက်နေတာလား'ဘာလားညာလားဆိုပြီးအတွေးတွေ ဝင်လာတယ် ဒါပေမဲ့ အဲ့အတွေးတွေက နောက်က အသံကြောင့် ရှင်းလင်းသွားခဲ့တယ်

"ကလေးး ဘာဖြစ်တာလဲ''

မုချင်းဟာ ငိုယိုပြီး သူဟာ ခါးကို အခါခါ ကိုင်းပီး တောင်းပန်ကြောင်းတွတ်တွတ်ပြောသည်
"ကိုကို..တောင်းပန်..တောင်းပန်ပါတယ်..နောက်တစ်ခါ...နောက်တစ်ခါ...ကိုကိုယူမဲ့ ပစ္စည်းကို မလုတော့ပါဘူး..ဟင့်..''

ဘေးနားက လူတွေဟာလဲ မမြင်ပေမဲ့ ငိုနေတဲ့ လူငယ်လေးဟာ လိမ်ဟန်မပေါက်တာကြောင် ကိုကိုဆိုသူကို ဝိုင်းပြောကြတော့သည်

"ဟဲ့ဟဲ့ ငိုနေတာ သနားစရာလေး...အဲ့ဟိုဘက်က ကောင်လေးက အကြီးဖြစ်ပြီး အငယ်ကို ဦးစားပေးပုံ မရဘူး''

"ဟုတ်ပ့ဟယ် စဝင်လာထဲက ငါမြင်ပါတယ်အေ..သူ့ညီဖြစ်သူကို မမြင်ချင်ယောင်ဆောင်ပီး အင်္ကျီကိုအတင်းဆွဲလုနေတာ''

"အဲ့ဒါ ဂုဏ်မောက်နေတာပဲ''

"ဟုတ်ပ့''

သူမတို့က ဆက်ပြောချင်ပေမဲ့ ကုCEOရဲ့ အေးစင်စက် အကြည့်ကို မြင်လိုက်တာကြောင့် ပါးစပ်ပိတ်သွားကြသည်

မုချင်းဟာ မျက်ရည်တွေ ထွက်ကျနေပေမဲ့ မျက်လုံးက ငိုမနေ မျက်လုံးတွေရဲ့ အဓိပ်ပါယျဟာ အလွန်ကို ဂုဏ်မောက်နေပုံ 'ဟုတ်တာ် အဲ့ကောင်ကို မကောင်းမြင်ပစ်'

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now