Arc (5.6)

6.6K 688 28
                                    

Unicode

ဟားဘတ်နဲ့ လီရိုစောင့်နေတာ နာရီဝက်ရှိပီ အခု ၈နာရီခွဲပီ...လီရိုက စိတ်မရှည်သလို့ဖစ်ပြီး သွားနှိုးမဲ့အချိန်မှာ ဇာတ်လိုက်က မျက်နှာကြီးသုန်မှုန်ပြီး စျာပနသွားမဲ့ရုပ်နဲ့ အောက်ဆင်းလာတယ်...သူက လီရိုနဲ့ ဟားဘတ်ရှိရာကို လျှောက်လာပီး...လီရိုကို မျက်နှာငယ်နဲ့ ကြည့်ကာ...

"လီရို...တကယ်ကို....မင်းဆုံးဖြတ်ပီးပီလား...''

လီရိုက မတ်တပ်ရပ်လျက်ဖြင့် အေးအေးလူလူပြန်ဖြေသည်
"အင်းလေ....''

"တကယ်ပဲ....ကိုယ့်ကို မသနားတော့ဘူးလား..အခွင့်အရေး...သေးသေးလေးတောင်...မပေးချင်ဘူးလား...''

"ဒီကိစ္စကို ငါတိူ့ ဆွေးနွေးပီးပီလို့ထင်တယ်...မနက်စာကို ကိစ္စပြီးမှစားတော့....''
ဆိုကာ.လီရိုက ရှေ့ဆုံးမှထွက်သွားသည်

ဟားဘတ်က ကားမောင်းနေကာ...နောက်တွင် လီရိုနဲ့ အော့ပ်တို့ ထိုင်နေကြသည် ကားထဲက လေထုက အတော်ကို တိတ်ဆိတ်နေသည်

မကြာခင်ပင် သူတို့သွားမဲ့နေရာကို ရောက်လာသည် သူတိူ့က ထိုတရားရုံးသို့ မဝင်ခင်မှာ ဟားဘတ်က လီရိုကို လက်ဆွဲလိုက်ပီး
"ကိုယ်...မင်းတို့အတွက် ငှားပေးထားတဲ့ ရှေ့နေရှိတယ်..သူက အခု တရားရုံးထဲမှာမဟုတ်ပဲ သူ့ရုံးခန်းထဲမှာ...''

ထို့နောက် ဟားဘတ်ပြောတဲ့ နေရာကို သုံးယောက်လုံး သွားကြသည်။သွားရင်းဖြင့် အော့ပ်အတွေးလွန်နေမိသည်။အမှန်က အော့ပ်စိတ်ထဲစနိုးစနှောင့် ဖြစ်နေမိတာ... ဝမ်းကွဲအကိုက ဘာကြောင့် လီရိုနဲ့ အမြဲလိုလို ရှိနေတာလဲ သူက အလုပ်များနေတဲ့ လူတစ်ယောက်မဟုတ်ဘူးလား?...ဝမ်းကွဲအကိုက ဘာလို့ လီရိုနဲ့ရှိရင် အရမ်းကို သက်တောင့်သက်သာဖြစ်ပြီး ပြုံးယောင်သန်းနေတာလဲ?....ဝမ်းကွဲအကိုက သူတို့နှစ်ယောက်ကွာရှင်းဖို့ကို လီရိုထက် ပိုပြီး စိတ်အားထက်သန်နေသလိုပဲ?....သူ့စိတ်ထဲမှာ ဟားဘတ်က လီရိုကို စိတ်ဝင်စားနေသလိုပဲ...ထားပါလေ..ဒါတွေကမဖြစ်နိုင်ပါဘူး...ဝမ်းကွဲအကိုက Betaပဲဖြစ်ဖြစ် Omegaပဲဖြစ်ဖြစ် သိပ်မပတ်သတ်သလို စိတ်ဝင်စားတာမျိုးလဲ မရှိဘူး ဝမ်းကွဲအကိုက သူနဲ့မျိုးရိုးတော်စပ်မှုကြောင့် တာဝန်အရလုပ်ပေးတာ ဖြစ်နိူင်တယ်...

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now