Arc (4.6)

7.5K 694 86
                                    

Unicode

မနက်ခင်းရဲ့အစမှာ တံခါးဖွင့်သံက လီရှင်းရန်ကိုနိုးစေတယ် ဒါပေမဲ့ ဘယ်သူဆိုတာ သိတဲ့အတွက် သူမထဘူး ဆက်အိပ်နေတယ် ခနအကြာမှာ သူ့ရဲ့ပါးလေး နွေးခနဲဖြစ်သွားတယ် ပြီးတော့ နွေးထွေးလွန်းပြီး လေတိုက်ရင်တောင် ပျော်ဝင်သွားနိုင်လောက်တဲ့အသံကို ကြားလိုက်ရတယ်

"ကလေး~~ Morning ထတော့လေ..''

"အွန်းးးထချင်သေးဘူး''

ကုယွမ်ဟာ အူယားစွာဖြင့် လီရှင်းရန်ရဲ့ပါးလေးအား ဖွဖွလေး ဆွဲကာ
"ထတော့...ဒီနေ့ကလေးကို လိုက်ပြစရာရှိတယ်....''

ထိုကျမှ လီရှင်းရန် ဝုန်းခနဲထကာ လှမ်းမေးသည်
"ဘယ်ကိုလဲ..''

"လျှို့ဝှက်ချက်..''

လီရှင်းရန်ဟာ ယီနဲ့တိုင်ပင်ထားတာကိုသတိရကာ
"ခန မသွားခင် အရေးကြီးလုပ်စရာရှိတယ်''

"ဘာလဲ?''

'ယီ!!'

ယီဟာ ခေါ်တာနဲ့ ချက်ချင်းရောက်လာကာ သူဟာ အရိုအသေတစ်ချက်ပြုပီး ကုယွမ်ဘက်ကို လှည့်လိုက်ပီး သူဘယ်ဘက်လက်ကို ထုတ်လိုက်ပီး သူ့ရဲ့ လက်ညှိုးနဲ့လက်ခလယ်အား အားဖြင့် ကိုက်ချသည့် အခါ သွေးထွက်လာခဲ့သည် ထို့နောက် ယီက လီရှင်းရန်ကို လှမ်းပြောသည် ယီရဲ့ စကားသံကို ကုယွမ်သာ မကြားရတာဖြစ်သည်

"ကျန့်ကျန့် အရှင့်ရဲ့ အတားအဆီးကို ကျွန်တော်က မိစ္ဆာဖစ်နဲ့အတွက် ကျွန်တော့်သွေးရော ကျန့်ကျန့်သွေးနဲ့ အရှင့်ရဲ့ သွေးကို ရောပြီး လုပ်မှ အတားအဆီးကို ဖြေတဲ့ ပုံကို ဆွဲလို့ရနိုင်မယ်''

လီရှင်းရန် ခေါင်းငြိမ့်ပြလိုက်တယ်

ကုယွမ်က တစ်ခုခု မူမမှန်သလို ခံစားရတယ် သူ့ရဲ့ဆဋ္ဌမအာရုံအရ ဒီအခန်းထဲမှာ သူတို့နှစ်ယောက်အပြင် နောက်တစ်ယောက်ရှိနေသေးသလိုပဲ ဒါပေမဲ့ သူမမြင်ဘူး သူ့ကို ပိုသေချာသွားစေတာက သူ့ကလေးက အခုထိ အိပ်ယာကမထသေးပဲ အခန်းရဲ့တစ်နေရာကို စိုက်ကြည့်ပီး စိတ်ထဲကနေ စကားပြောနေသလိုပဲ ပြီးတော့ ခေါင်းက ဘယ်ကို ကြည့်ပီး ငြိမ့်ပြနေတာလဲ

လီရှင်းရန်ဟာ ခနအကြံထုတ်လိုက်ပီး သူဟာ လက်ဆန့်ထုတ်လိုက်ပီး
"လူကြီး ကျွန်တော့်ကို လက်ပေး..''

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now