Arc (6.3)

5.8K 640 26
                                    

Unicode

ရှိုင်းမင်းခန့် ထိုလူအား မရှိသလိုသဘောထားပြီး အလုပ်သွားလိုက်တယ်...သူ့နောက်ကနေကားလိုက်လာတာ မသိပဲ နေမလား...

သူစက်ဘီးကို အရှိန်နဲ့ နင်းလိုက်ပီး ကားလုံးဝင်လို့မရတဲ့ မြေနီလမ်းတစ်ခုထဲကို ဝင်လိုက်သည် နောက်ကို လှမ်းကြည့်လိုက်တော့ ကားရော လူရော အရိပ်အယောင်မမြင်ရတော့...တော်လိုက်တဲ့ငါလေး! ဟွန့်...ဘာတတ်နိုင်သေးလဲ....

သူ့ကိုယ်သူ ဂုဏ်တွေယူပြီး ဆက်သွားမဲ့ အချိန်မှာ...အယ်...ဒီလမ်းက ဘယ်လမ်းလဲ သူမသိဘူးဟ...ဒီတိုင်းမျက်ခြေဖျက်ချင်လို့ တွေ့ရာလမ်းကျဥ်းကျဥ်းလေးထဲစွတ်ဝင်လိုက်တာ....ခုတော့ ကိုယ်ကျိုးနည်းပြီ...

'Xian!! Xian!!လုပ်ပါအုံး...ငါလမ်းမမှတ်မိတော့လို့....''

[.......]

'Xian!!ဒါနောက်နေရမဲ့ အချိန်မဟုတ်ဘူး...ထွက်ခဲ့...'

[......]

'Code00!!!'

{သင့်ရဲ့systemသည် offlineဖြစ်နေပါသည်....သင့်ယခုရှိနေသည့်နေရာသည် ဆက်သွယ်မှု ဧရိယာပြင်ပဖြစ်နေပါသည်.....ကျေးဇူးပြု၍..ထပ်မံကြိုးစားကြည့်ပါ...}

'Fuck!!'

သူလဲ ယောင်လည်လည်ဖြင့် နောက်ပြန်လှည့်လိုက်တော့...သူ့ရဲ့ခေါင်းနဲ့ မာကြောတဲ့အရာတစ်ခုနဲ့ ဆောင့်မိသည်..

"အ့...''

သူမော့ကြည့်လိုက်သည် ဟင်...ဒါက ဇာတ်လိုက်ကြီးမလား...ခုနက သူမျက်ခြေဖျက်ခဲ့တယ်လေ...

"အဟမ်းး..''သူလဲ ချောင်းဟန့်ကာ ခပ်တည်တည်ဖြင့် ဘေးနားကို ရွေ့လိုက်ပီး စက်ဘီးကိူ တွန်းကာ သွားသည် သူ့မှာ သွားသာသွားနေရတာ...လမ်းမသိဘူး...ဟိုကောင့်ကိုလဲ မမေးချင်ဘူး...ဟုတ်သားပဲ...သူ့မှာ ပိုက်ဆံအိတ်ပါတယ်...ဆိုင်တစ်ဆိုင်မှာ ကြိုးဖုန်းနဲ့ ဖုန်းဆက်ရမယ်...သူတက်ကြွစွာဖြင့် တစ်လမ်းလုံး...စတိုးဆိုင်ကိူ ရှာလာတယ်...ဒါပေမဲ့ ကံမကောင်းစွာနဲ့ တစ်ဆိုင်မှမတွေ့...

ဟိန်းမာန်ထက် ရှေ့ကကောင်လေးအား ကြည့်ပီး ရယ်ချင်လာသလိုပင်...ထိုကောင်လေးက သူ့နောက်ကို ကိုယ်လိုက်လာမှန်းသိလို့ လမ်းကြားထဲကို ဝင်ပြီး ထွက်ပြေးကတည်းက သူလိုက်လာတာ...မသိစိတ်ရဲ့တွန်းအားပေးမှူအရ...ထိုကောင်လေးထိခိုက်မိမှာ မလိုလားချေ...ထိုကောင်လေးက လမ်ပျောက်ပီထင်ပါရဲ့...အူကြောင်ကြောင်ကလေး လမ်းတွေကို ကြည့်နေတာ...သူနဲ့ဝင်တိုက်မိပါရော...ဒါကို မသိချင်ယောင်လဲ ဆောင်သွားသေး...ကောင်လေးက မာနကြောင့်...သူ့ကိုမခေါ်မပြောပြုသည် သူဒီကောင်လေးနောက်လိုက်ထဲက သူ့လက်ထဲမှာ ဖုန်းပါလာသည်...ကံကောင်းသည်လားဆိုးသည်လားမသိ ဒီနေရာက လိုင်းမမိချေ...ဒါပေမဲ့ သူဒီလမ်းတွေကို ကောင်းကောင်းကြီးသိပါသည် ရှေ့က ငိုမဲ့မဲ့ ဖြစ်နေတဲ့ ကောင်လေးအား ရယ်ချင်ပက်ကျိဖြစ်နေတဲ့ သူ့ရုပ်ကို အတင်းတည်ကာ ဘေးနားက ကပ်လျှောက်ပီး

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now