Arc (2.3)

9.8K 837 18
                                    

Unicode.

ပန်းပွဲတော်နေ့.....

ပန်းပွဲတော်နေ့တွင်လူများ စည်ကားလှသည်။အမျိုးသမီးများ၊အမျိုးသားတေ၊ကောတေဟာ ချောမောလှပစွာဝတ်တင်လာကြသည် အိမ်ရှေ့စံပါ.ဒီပွဲမှာ.ပါဝင်မှာမို့ ခါတိုင်းထက် ပိုစည်ကားလေသည်။

ပိုင်အိမ်တော်တွင်တော့

ရမ်ဟွားဟာ နတ်သားတစ်ပါးသဖွယ် လှပနေသည်။
အဖြူရောင်အတွင်းအင်္ကျီပေါ်တွင် မိုးပြာရောင်ကိုထပ်လိုက်သည် လက်၏ အနားစများတွင် မက်မွန်ပန်းပုံကို ပုံဖော်ထားသည်။ သူရဲ့ ဆံသားများသည်လဲ တစ်ဝက်ကိုချကာ တစ်ဝက်ကို ထုံးထားသည် ထိုဆံထုံးကို ကျောက်စိမ်းဆံထိုးလေးက ပိုလှပစေသည်။ သူရဲ့နဂိုထဲကလှပနေသည့် မျက်နှာလေးဟာ ဘယ်သူမဆို ကြည့်မဝရှုမဝဖြစ်ရအောင်ပင်...

"သခင်လေး.အချိန် ကျပြီ သွားကြမလား''

"ဒါပေါ့'' 'ဟိဟိ Missionပြီးတော့မယ်'

သူတို့ပန်းပွဲတော်ကို ရောက်တဲ့အချိန်မှာ မှောင်ရီပျိုးစရှိနေပီ....သူလဲ သူ့အဖေ ရဲ့ ဘေးမှာ ဝင်ထိုင်လိုက်သည်။ခုံတန်းတေရဲ့ အလယ်မှာ ကြီးမားသောစင်ကြီးရှိသည် ထိုစင်ပေါ်သို့ အသက်၄၀ ဝန်းကျင်အရွယ် လူတစ်ဦးတက်လာကာ

"ကြွရောက်လာကြတဲ့ မိတ်ဆွေတို့ အခုပြိုင်ပွဲက နှသ်မျိုးရှိတယ်...တစ်မျိုးက ယောကျ်ားလေးတေအတွက် သိုင်းပညာယှဥ်ပြိုင်ရမှာဖြစ်ပြီး နောက်တစ်မျိုးက အမျိုးသမီးတေ ကောတေ ကြိုက်နှစ်သက်ရာ ဖျော်ဖြေဖို့အတွက် ဖြစ်တယ် ဒီပြိုင်ပွဲမှာအနိုင်ရရှိသူ အမျိုးသားတစ်ဦးနဲ့ အမျိိုးသမီး သို့မဟုတ် ကော တစ်ဦးတို့က မင်းကြီးထံတွင် ကြိုက်နှစ်သက်ရာ တောင်းဆိုခွင့်ရှိတယ်။...''

ထိုအသံကြောင့် လူတိုင်း လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ အမည်စာရင်းပေးထားသည့် လူတေအား နာမည်ခေါ်ကာ ပြိုင်ကြရသည်။

အရင်ဆုံး စကျင်းပမည့် ပွဲဟာ ယောကျာ်းများအတွက်သာဖြစ်တာကြောင့် ပိုင်ရမ်ဟွား ပျင်းနေပီဖြစ်သည် ပြိုင်နေကြတာ ပျော်စရာလဲမကောင်းဘူး "ဝှားး''သူသန်းလိုက်တာကြောင့် သူ့အဖေမှ

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now