Arc (5.3)

6.6K 719 74
                                    

Unicode

လီရိုရဲ့စကားကြောင့် ဟားဘတ်က မျက်ခုံးပင့်မိသွားပြီး သူ့ညီဝမ်းကွဲကိုလှမ်းကြည့်သည်။ ဘာလိူ့ညီဝမ်းကွဲလို့ခေါ်တာလဲဆိုတော့ ဟားဘတ်က မက်ဒီကယ်မိသားစု..အဖိုးဂျော့်ရဲ့သားအကြီးက မွေးတာ သားအကြီးက လွန်ခဲ့တဲ့နှစ်နှစ်လောက်ကမှ ကင်ဆာနဲ့ ဆုံးသွားခဲ့တာ အမေကတော့ မွေးကတည်းက ဆုံးသွားတယ် အော့ပ်က မက်ဒီကယ်မိသားစု အဖိုးဂျော့်ရဲ့သမီးငယ် အိုရီယာက မွေးတာ အင်း သားရော သမီးရောပေါ့

အော့ပ်ဟာ မျက်နှာငယ်ဖြင့် လီရိုကို လှမ်းကြည့်သည်

{ဇာတ်လိုက်ရဲ့ နောင်တရခြင်း barတန်း-30%}

လီရိုဟာ မတ်တပ်ရပ်လိုက်ပီး
"ကျွန်တော် မနက်ဖြန်ကျရင် မေမေတိူ့ဆီသွားရအုံးမှာ..ဒါကြောင့် အခု ခွင့်ပြုပါအုံး''
သူလှည့်ထွက်လာခဲ့သည် နောက်က မက်ဒီကယ် မိသားစုဘာဖြစ်နေလဲ လှည့်မကြည့်ပေ ကားထဲသိူ့ လိီရို ဝင်ပီးသည်နှင့် အော့ပ်ကလဲ ဝင်လာခဲ့သည် ကားဟာ မက်ဒီကယ် အိမ်မှ ထွက်ခွာခဲ့သည်

အော့ပ်ဟာ လီရိုအား မျက်နှာငယ်ဖြင့်
"လီရို..ကိုယ်...ကိုယ့်လုပ်ရပ်တွေအတွက် နောင်တနည်းနည်း ရနေပီဆိုရင် ယုံမှာလား...''

{ဇာတ်လိုက်ရဲ့ နောင်တရခြင်း barတန်း -35%}

လီရိုဟာ အေးစက်လွန်းတဲ့အပြုံးနဲ့ လှမ်းကြည့်ပီး
"နောင်တရတယ်?...မင်းရဲ့နောင်တတွေကို ငါမင်းကိူ မချစ်တော့တဲ့အချိန်ကျမှ..လက်လွှတ်ပေးလိုက်တဲ့ အချိန်ကျမှ  ရတော့...ငါကဘာလုပ်ပေးရမှာလဲ...အော်...အော့ပ်က ငါ့ကိုပြန်ချစ်လာပီဆိုပြီ..ငါ့ကိုပြန်ဂရုစိုက်လာပြီဆိုပြီး....ဝမ်းမြောက်ဝမ်းသာ လုပ်ပြနေရမှာလား...သွားစမ်းပါ..အဲ့အကွက်တွေက မင်းရဲ့အယ်လ်လီယာအပေါ်မှာပဲ အကျုံးဝင်လိမ့်မယ်..''စကားတစ်ခွန်းစီတိုင်းက ဝမ်းနည်းသံမစွတ်သလို ဝမ်းသာသံလဲမစွတ် ဒီတိုင်းတည်တည်ငြိမ်ငြိမ်လေးသာ

ဒါပေမဲ့ လီရိုပါးစပ်က ထွက်လာတဲ့ စကားတစ်ခွန်းစီတိုင်းက သူ့ရင်ကို နာကျင်ဖို့ လုံလောက်တယ်...
အော့ပ်ဟာ ပြောစရာမရှိတော့ပေ..တကယ်လဲ သူ့အပြစ်တွေလေ...ရေရဲ့တန်ဖိုးကို ရေမရှိမှ နားလည်တာမျိုး...

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now