Arc (2.2)

9.7K 818 15
                                    

Unicode

ရမ်ဟွားသည် အိမ်တော်ကိုပြန်တော့ အစေခံတစ်ယောက်ဟာ ရောက်လာကာ

"သခင်လေး...ဟို သခင်လေးရဲ့သူငယ်ချင်း ကျန်းယွီသခင်လေးရောက်နေပါတယ်''

"အော် အခုဘယ်မှာလဲ''

"ဧည့်ဆောင်မှာပါ''

"အင်း ကျေးဇူး''ဆိုပြီး အစေခံမလေးကို ပြုံးပြလိုက်တာကြောင့် အစေခံမလေးနဲ့ ဘေးနားက အလုပ်လုပ်နေတဲ့အလုပ်သမားများပါ ငေးခနဲ ဖြစ်သွားကြသည် သူတို့စိတ်ထဲကတူညီတဲ့အတွေးက'သခင်လေးက အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းလာသလို ပိုပြီးလဲဖြူစင်လာတယ် ငါတို့သခင်လေးကို ပိုပြီးစောင့်ရှောက်ရမယ်'

အစေခံတေရဲ့အတွေးကို မသိတဲ့ ရမ်ဟွားကတော့ ဧည့်ဆောင်ကိုသွားကာ ဇာတ်လိုက်မကိုမွှေရန်ပြင်လိုက်သည်။

'Xian သူကအခုလုပ်ကြံတော့မှာလား'

[ဟုတ်တယ် host သူ့လက်ထဲမှာ လဖက်ခြောက်လိုပုံစံအရွက်လေးတေကို ထုပ်ထားတဲ့အထုပ်လေးရှိပါတယ် ခနနေပျရင် Host သောကျဖို့ဆိုပွီး ပေးပါလိမ့်မယ် အဲ့ဆေးက ဘယ်လောက်ပဲစစ်ဆေးစစ်ဆေး လဖက်ခြောက်ဆိုပြီးပဲ အဖြေထွက်မှာပါ]

'အို မဆိုးပါဘူး'

သူလဲ ဧည့်ဆောင်ရောက်တော့ ခုံပေါ်မှာအိန္ဒြေရှိစွာထိုင်နေတဲ့ဇာတ်လိုက်မ ဇာတ်လိုက်မတို့အရှိန်အဝါအတိုင်း လှပတယ် ကျော့ရှင်းတယ် ဖြူစင်တဲ့ မျက်နှာပေါက်လေးကိုပိုင်ဆိုင်ထားတယ်

"ကျန်းယွီ ရောက်နေတာကြာပီလား ငါအပြင်ထွက်ပီး အဝတ်အစား ထွက်ဝယ်နေလို့ မသိလိုက်ဘူး''

"မင်းဒီနေ့မျက်နှာဖုံးမတက်ထားပါလား မင်းတင်ထားသင့်တယ် မတော်လို့ မင်းကို မ်းမှာ ဒုက္ခပေးတဲ့သူရှိလာရင် ဘယ်လိုလုပ်မလဲ'' 'ဒီကောင် ဘာလို့ ဒီနေ့ကျမှ မျက်နှာဖုံးချွတ်ထားတာလဲ!သူ့ရဲ့လှတဲ့ရုပ်နဲ့ လူတကာကို မြူစွယ်ချင်နေတာလား!! ဒီကောင်ကဘာလို့ငါထက်လှနေတာလဲ!!!'အတွေးတေနဲ့ ကမ္ဘာပျက်နေပေမဲ့ အပြင်မှာတော့
ဇာတ်လိုက်မဟာ စိတ်ပူပေးနေတဲ့ သူငယ်ချင်းတစ်ယောက်ပုံစံဖြင့် ပြောလေသည်။
သူသာ.ဇာတ်လိုက်မရဲ့ အကျင့်တေကိုမသိခဲ့ရင် ယုံကြည်မိမှာအမှန်ပေ....

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now