Arc (6.5)

5.6K 604 39
                                    

Unicode

"ငါပြောသားပဲ..မာန်က အဲ့အခြောက်ကို ကြိုက်နေတာလို့...''

"မဖြစ်နိုင်တာ!!...''

"အိုးဟိုး...ခွန်းသံသာ...ငါ..နင့်ဖုန်းထဲကို ပို့လိုက်တဲ့ ပုံတွေကို..နင်ကြည့်ပီးပီလေ...သက်သေကဒါပဲ...ဘာကိုငြင်းချင်တာလဲ...''

ခွန်းသံသာက တစ်ဖက်က မိန်းကလေးရဲ့ စကားကို ငြင်းသည်
"ငါမယုံဘူး...ငါကိုကို့ကို မေးကြည့်မယ်...သူပြောတဲ့စကားကိုပဲ..ယုံမယ်...''

"ဟမ့်...သဘောပဲလေ...ငါ..နင့်ကို...သတိမပေးဘူးလို့မပြောနဲ့...''

"အပေးရှိရင်..အယူရှိမှာပဲ...နင်ငါ့ကို...ဒီလိုလာပြောနေတာ...ဘာလိုချင်လို့လဲ...''

"ဘာလို့...ထင်လဲ...''

သူမက ထိူင်ခုံကို မှီလိုက်ပီး
"နင်က..ကိုကိုနဲ့..ပြတ်သွားတဲ့သူတစ်ယောက်...ငါ့ကိုဒီလို ကူညီတာ မရိုးရှင်းဘူး...ပြော...ဘာလိုချင်လဲ..''

"......''

"ငွေလား...''

"ဟုတ်တယ်. ငါအခု...အရမ်းလိုနေတယ်...''

ခွန်းသံသာက သူမရဲ့လက်သည်းတွေကို ကြည့်ကာ လေသံအေးအေးဖြင့်
"ကောင်းပီ..ငါနင့်ရဲ့ဘဏ်အကောင့်ထဲကို ငွေလွှဲပေးလိုက်မယ်...''

ဖုန်းကို ချလိုက်သည်...ခွန်းသံသာ..သူမဆီပို့ထားတဲ့ပုံကို ပြန်ကြည့်ကြည့်လိုက်သည်...ပုံထဲတွင် သူမရဲ့ချစ်သူက အခြားကောင်လေးတစ်ယောက်ရဲ့လက်ကို ဆွဲထားသည်...ဒါက ညနေခင်းပိုင်းမှာရိုက်ထားသည်မို့ အနည်းငယ် ပုံကဝါးသည်...

ဒါပေမဲ့...သူမလူမမှားနိုင်.. ဒီခန္တာကိုယ်နဲ့..ဒီအရပ်အမောင်းနဲ့...အဝတ်အစားဒီဇိုင်းက..ပြောစရာမလိုအောင်...သူမရဲ့လက်ရှိ..ချစ်သူ...ဟိန်းမာန်ထက်မှန်းသိသာသည်...

အခုသူမ ဦးထုပ်စိမ်းဆောင်းခံလိုက်ရသလိုပဲ(ဖောက်ပြန်ခံရတာကို ဆိုလိုတာပါ...)ဒါသာအမှန်ဆိုရင်...သူမ အဲ့ကောင်လေးရဲ့ ရှေ့ခရီးလမ်းကို မဖြောင့်ဖြူးနိုင်အောင် လုပ်ပစ်မယ်...

သူမက ဟိန်းမာန်ထက်ဆီ ဖုန်းခေါ်လိုက်သည် တစ်ဖက်က သူမ၏ဖုန်းကို အတော်နှင့်မကိုင်....သုံးခါ....လေးခါ...မရ...ငါးခါမြောက်မှာကိုင်သည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now