Arc (4.3)

7.4K 798 39
                                    

Unicode

"ကဲ ရှင်းစမ်းပါအုံး''

မုလင်မယားဟာ တုန်လှုပ်စွာဖြင့် လီသခင်မကြီးလှမ်းကြည့်ပီး ပြောစရာစကားလုံးဝမရှိချေ လိသခင်မဟာ ထိုအပြုအမူများကို သဘောကျစွာ ထိုင်ကြည့်နေပီး အသံဖိုင်ကို ထပ်နှိပ်လိုက်သည်

"လီရှင်းရန်!!နင်က ဘာစောက်ဆင့်နဲ့ ငါ့သားနဲ့ ကားအတူစီးတာလဲ!!နင်လိုအောက်တန်းစားက ငါ့သားရဲ့ကားပေါ်တက်ချင်တာလား!! ဘယ်ခြေထောက်လဲ ဟမ် ငါ့သားကားပေါ်တက်တာ ဘယ်ခြေထောက်နဲ့လဲ!!"

"Mommy...ကိုကို့ကို သားခေါ်လိုက်တာပါ ကိုကို့ကို မရိုက်ပါနဲ့နော်....''

"သား အဲ့အောက်တန်းစားက ဘာကောင်းနေလို့ အမြဲ လိုက်ကာကွယ်ပေးနေတာလဲ ဟင်းး ထားလိုက်တော့ သားပြောလို့ အဲ့ကောင်ကို Mommyမရိုက်တော့ဘူး...ဟဲ့ကောင် နင်ဒီနေ့ ထမင်းမစားရဘူး သွား သွား ငါ့အဝတ်တွေ သွားလျှော်ချည်''

"ဟုတ်..ဟုတ်ကဲ့''

လီသခင်မကြီးဟာ ခက်ထန်နေသည့် မျက်နှာ၊ အေးစက်နေသည့် အသံဖြင့်

"ဆိုစမ်းပါအုံး ငါ့မြေးက အောက်တန်းစားဖြစ်သွားလိုက်ရတဲ့ အကြောင်းအရင်းလေး ဆိုစမ်းပါအုံး ငါ့မြေးက အဲ့မျိုးမစစ်ကောင်ရဲ့ကားပေါ်ကို တင်ခွင့် မရှိတဲ့အကြောင်းအရင်းလေး ဆိုစမ်းပါအုံး ငါ့မြေးကို စောက်ဆင့်မရှိ စောက်ရှက်မရှိတဲ့ ညဥ်းရဲ့ အဝတ်တွေကို လျှော်ခိုင်းရတဲ့အကြောင်းရင်းလေး''

"ဟို..ဟို..အဲ့ဒါကလေ..အမေ..အဲ့..ဒါက..''

"ငါလိုချင်တာ ဟိုတွေ အဲ့ဒါတွေမဟုတ်ဘူး အကြောင်းအရင်း..အကြောင်းရင်းကို သိချင်တာ ငါ့မြေးကို အိမ်ဖော်များမှတ်နေသလား ''

ဇာတ်လိုက်မဟာ ဝမ်းနည်းနေတဲ့ လေသံနဲ့ စတင်ကာ ဝင်ပြောတော့သည်
"ဘွား..ဟင့်..ဘာကြောင့် သားအပေါ်ကို မြေးအရင်းတစ်ယောက်လို...ဟင့်..မချစ်ပေးနိုင်ရတာလဲ''

လိသခင်မကြီးဟာ မဲ့ပြုံးပြုံးကာ လှမ်းမေးသည်

''သိချင်တာလား''

သူမဟာ မုသခင်မကို တစ်ချက်လှမ်းကြည့်လိုက်ကာ မုချင်းကို ပြန်ကြည့်ပီး
"ငါ နင့်အမေပြောသလို ပြန်ပြောမယ် ဘယ်လိုလဲ အဲ့ခံစားချက်ကလေးကို ခံစားကြည့်မလား... ငါဘာလို့ နင့်ကိုမုန်းရတာလဲ အကြောင်းအရင်းက ရှင်းပါတယ် နောက်လင်က မွေးလာတဲ့သားမို့လို့ ပြီးတော့ ငါ့မြေးအရင်း ငါ့သားအရင်းက မွေးထားတဲ့ ငါ့မြေးကို နှိပ်ဆက်လို့....အင်း..နောက်တစ်ချက်က မင်းက ကျီးအာသီးမှန်း ငါသိနေလို့လေ...''ဆိုကာ ပြုံးပြီးပြောသည်

ကြာပန်းဖြူတေကို ဖြုတ်ချမယ်/ကြာပန်းဖြူတေကို ဖြုတ်ချမယ(System)Zawgyi/UnicodeWhere stories live. Discover now