Extra - JaemRen ( U + Z )

334 31 5
                                    

"Jaem" လို့ခေါ်ရင်း ဓာတ်ပုံ editing လုပ်နေတဲ့ Jaemin ဘေးကို ရောက်လာတဲ့ Renjun။

"အင်း အူကြူး ပြော" လို့ Jaemin ပြန်မေးလိုက်ရင်း ဘေးနားရောက်လာပြီး မတ်တပ်ရပ်နေတဲ့ Renjun ကိုပါ ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။

"အလုပ်များနေတာလား" ဆိုပြီး Renjun, computer screen ကို ကြည့်ရင်း Jaemin ကို မေးလိုက်လေသည်။

"ဒါ နောက်ဆုံးပုံ ဒါပြီးရင် ပြီးပြီ။ အူကြူး တစ်ခုခုလုပ်ချင်လို့လား"

Jaemin မေးတော့ Renjun, Jaemin ပုခုံးကို ဖက်လိုက်ပြီး

"သီချင်းတစ်ပုဒ်ရေးထားတယ်"

"အဲ့တော့ အူကြူးက မောင့်ကို နားထောင်စေချင်တာလား"

Jaemin, RenJun လည်ပင်းကို နမ်းရင်း ပြောလိုက်သည်။

"အင်း ဟုတ်တယ်။ အာ Jaem ဘယ်လိုဖြစ်နေတာလဲ"

Renjun, လည်ပင်းကို နမ်းနေတဲ့ Jaemin ခေါင်းကို ဖယ်ထုတ်ရင်း ပြောလိုက်သည်။

"မောင် အူကြူးကို အဲ့လို မနမ်းရတာ ကြာပြီလေ"

"မဟုတ်မှ အရာထင်ကုန်ပြီလား"

"ထင်တော့ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး"

Renjun ပြုံးပြီး Jaemin ပုခုံးကို မှီကာ ပြောလိုက်လေသည်။

"မောင် အခုလိုက်ပြီး နားထောင်ရမှာလား"

"ရတယ် မောင် အလုပ်ပြီးမှပါ"

"ဒါဆို မောင် ဒါအရင်ပြီးအောင် လုပ်လိုက်မယ်။ ဆယ့်ငါးမိနစ်လောက် စောင့်ပေး"

"အင်း ရတယ် လုပ်။ ငါ ရေချိုးနှင့်လိုက်မယ်"

"တူတူချိုးကြမယ်လေ"

ပေါင်ပေါ်က ဆင်းပြီး အခန်းထဲက ထွက်ခါနီး Renjun လက်ကို လှမ်းဆွဲရင်း Jaemin စလိုက်တော့ Renjun မျက်စောင်းထိုးကာ အလုပ်ခန်းထဲက ခပ်သွက်သွက် ထွက်သွားလေသည်။ ကျန်ရစ်ခဲ့တဲ့ အခန်းထဲက Jaemin ကတော့ သူ့ကောင်လေးကို ကြည့်ရင်း အသည်းယားနေမိသည်။

.................. P & G - JaemRen ....................

Renjun ရေချိုးပြီးလို့ ထွက်လာတော့  Jaemin က ကုတင်ပေါ်မှာ လှဲနေလေသည်။ Renjun အဝတ်အစားလဲပြီး ခေါင်းသုတ်နေရင်း Jaemin ဘေး ဝင်ထိုင်တော့ မျက်လုံးဖွင့်ကြည့်လာသည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now