Episode 19 (Unicode)

359 37 3
                                    

အပိုင်း (က)

Jeno အိမ်မှာ ဖြစ်ခဲ့သည့် ပြသနာများကို Injun အား ပြောပြလိုက်သည်။ သူ နောက်ဆုံး ရွေးချယ်မှုပြုရမည်အထိ ပြောပြခဲ့သော်လည်း သူ မည်သို့ ရွေးချယ်ခဲ့သည်ကိုတော့ Injun အား မပြောပြခဲ့။

Jeno ပြောပြသည့် အကြောင်းအရာများကြောင့် Injun ထိတ်လန့်မိသွားသည်။ Jeno အိမ်က သူ့ကို ဒီလောက်ထိတောင် သဘောမကျနေတာလား။ အဆိုးဆုံးက သူက ယောကျာ်းလေး ဖြစ်နေခဲ့တာကြောင့်များလား ?

Injun, Jeno ငှဲ့ပေးသည့် အရက်တစ်ခွက်ကို သူ့ရဲ့ စိုးရိမ်ပူပန်ကာ တုန်လှုပ်နေသည့် စိတ်ကို သက်သာမလား ဆိုသည့် အတွေးနှင့် မော့သောက်လိုက်သည်။ သူ့ထင်သလို သက်သာဖို့ နေနေသာသာ နည်းနည်းလေးတောင် ပြေပျောက်မသွား။

အနည်းငယ်ကြာသည်အထိ နှုတ်ဆိတ်နေသည့် သူ့ကို Jeno လည်း ထွေထွေလေးသာ ငေးကြည့်နေခဲ့သည်။ Injunလည်း တုန်လှုပ်နေသည့် စိတ်ကို မျက်ကွယ်ပြုလို့ Jeno ရဲ့ ရွေးချယ်မှုကို အရဲစွန့်ကာ မေးမိသည်။

"မဟုတ်မှ မင်း ဝါသနာ ကို စွန့်လွှတ်ပြီး ငါ့ကို ရွေးချယ်မယ်လို့ ပြောခဲ့တာလား Jeno"

သူ Jeno ကို မယုံကြည်လို့ မေးခြင်း မဟုတ်ဘဲ လှည့်စားတတ်သော ကံကြမ္မာကို ကြောက်ရွံ၍သာ မေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကိုယ့်ကို မရွေးချယ်ရင် လို့ တွေးမိပြီး နှလုံးသားက ဆစ်ကနဲ ဖြစ်သွားပေမယ့် သူငါ့ကို သေချာပေါက် ရွေးချယ်မှာ ဆိုပြီး မသေချာတဲ့ မျှော်လင့်ချက်လေးနဲ့တောင် ပျော်ရွှင်မှုက အတိ။

ပြန်လည် ဖြေကြားမလာသေးတဲ့ Jeno ရဲ့ စကားသံကို မျှော်လင့်နေချိန်မှာပင် Injun စိတ်ထဲ အကောင်း တစ်လှည့် အဆိုး တစ်လှည့် အတွေးများသာ ဆက်မပြတ် တွေးနေမိသည်။ အတွေးတွေကြောင့် ပူလောင်လာတာ စိတ်တင်မကဘဲ ခန္ဓာကိုယ်ဆီပါ ကူးစက်လာခဲ့သည်။

ပူလောင်ခြင်းကို မနှစ်မြို့သူမို့ ပူလောင်လာသော ခန္ဓာကိုယ်ကို သက်သာစေငြား အပေါ်ထပ် အကျီ အနက်ရောင်ကို ချွတ်လိုက်မိသည်။ ပြီးတော့ အရှေ့မှာ ချထားတဲ့ ပုလင်းထဲက အရည်အချို့ကို ခွက်ထဲသို့ ကူးပြောင်းစေလိုက်ပြီး ထိုမှတစ်ဆင့် မိမိရဲ့ ဝမ်းဗိုက်ထဲသို့ တစ်ဖန် ကူးပြောင်းလိုက်သည်။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now