Episode 24 (Zawgyi)

82 8 0
                                    

အပိုင်း (က)

Pre-wedding အတွက် Jaemin ကိုယ်တိုင် Renjun ကို ဓာတ်ပုံရိုက်ပေးလေသည်။ အတွဲပုံရိုက်မှသာ Jaemin သူ့ဝန်ထမ်းကို ရိုက်ခိုင်းလေသည်။ မဂ်လာပွဲ ကျင်းပတော့လည်း ပါပါးတို့ သဘောအတိုင်း တရုတ်ပြန်ပြီး တရုတ်လို မဂ်လာဆောင် ကြသည်။ ကိုရီးယားမှာ မဂ်လာပွဲ ကျင်းပတော့လည်း ခင်မင်ရင်းနှီးသူများနှင့်သာ အကျဉ်းချုံး ပြုလုပ်ခဲ့ကြသည်။

မဂ်လာဆောင် ကျင်းပပြီးတော့ Jaemin တို့ ဟန်နီးမွန်း ခရီးစဉ်အဖြစ် ဆန်တိုရီနီ ကျွန်းလေးကို ခရီးထွက်ခဲ့ကြသည်။ ဂရိနိုင်ငံ တောင်ဘက်မှာ ရှိတဲ့ ဒီကျွန်းလေးကို Jaemin ခရီးစဉ်အတွက် လိုက်ရှာရင်းမှ တွေ့ခဲ့ခြင်းဖြစ်သည်။

Renjun တို့ Santorini ကို ရောက်တော့ ကျွန်းရဲ့ မြောက်ဘက်နားမှာ တည်ရှိတဲ့ Oiaရဲ့ ဟိုတယ် တစ်ခုမှာ တည်းခဲ့ကြသည်။ ဆန်တိုရီနီရဲ့ အမှတ်အသား ဖြစ်တဲ့ အပြာရောင် အမိုးသုံးခုနဲ့ ဘုရားကျောင်း မှာ ဓာတ်ပုံရိုက်ခဲ့ကြသည်။
Fira မှာ မီးတောင်ကြားက နေဝင်ချိန်ကို ခံစားခဲ့ကြသည်။

Pyrgos ဆိုတဲ့ ရွာလေးကိုလည်း လည်ပတ်လို့ ဓာတ်ပုံတွေ ရိုက်ခဲ့ကြသည်။ အနီရောင် တောက်နေတဲ့ တောင်ကြီးတွေ နောက်ခံနဲ့ Red beach ကမ်းခြေကိုလည်း အနားယူ လည်ပတ်ခဲ့ကြသည်။  မီးတောင်ပေါက်ကွဲရာက ဖြစ်ပေါ်လာတဲ့ ကျောက်စလစ်ခဲ အမဲတွေနဲ့ Kamari beach/ Perissa beach နဲ့ Cruise Tour ကိုလည်း လည်ပတ်ခဲ့ကြသည်။

ခရီးစဉ် ငါးရက်တာအတွင်း ကျွန်းလေးကို နှံ့နှံ့စပ်စပ် လျှောက်လည်ခဲ့ကြသည်။ ကိုယ့်ယောကျာ်းက ဓာတ်ပုံဆရာ ဆိုတော့ ပုံလှလှလေးတွေ အများကြီး ရခဲ့သည်။ Renjun စိတ်ထဲ နောက်တစ်ခေါက် Injun တို့ပါ ခေါ်ပြီး ထပ်လာခဲ့မည်ဟု တွေးထားလေသည်။

Jaemin ရိုမန်တစ် ဆန်ဆန် သဘောကျသည့် ကောင်လေးအတွက် ဒီနေရာကို ရွေးချယ်ခဲ့တာ မှန်သည်ဟု ထင်မိသည်။ ဓာတ်ပုံရိုက်ရတာ ပျော်တဲ့သူနဲ့ ဓာတ်ပုံရိုက်ခံရတာ သဘောကျတဲ့သူမို့ သွားလိုက်သည့်နေရာတိုင်းမှာ အမှတ်တရပုံတွေ အများကြီး ရခဲ့သည်။

ငါးရက်တာ နေပြီး နေရာအစုံ လျှောက်လည်တာတောင် မပြန်ချင်သေးတဲ့ သူ့ယောကျာ်းလေးဟာ နောက်တစ်ခေါက် ထပ်လာမည်ဟု တွေးထားပုံ ရသေးသည်။ အကယ်၍ သွားချင်တယ်လို့ ပူဆာလာလျှင် လိုက်ပို့ပေးမည်မှာ အမှန်။ အကုန်အကျ များသည်ဆိုပေမယ့် ကိုယ်ရှာသမျှဟာ သူနဲ့ကိုယ်အတွက်ပဲမို့ မည်မျှကုန်ကုန် ကုန်ပါစေ။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now