Episode 17 (Zawgyi)

78 9 0
                                    


အပိုင်း (က)

စားပွဲတစ်ခုရဲ့ တစ်ဖက်မှာတော့ မိဘဖြစ်သူတွေ ထိုင်နေကြပြီး နောက်တစ်ဖက်မှာတော့ သားဖြစ်သူ နှစ်ယောက်ဟာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ တိတ်ဆိတ်နေတဲ့ အခြေအနေကို ဖြိုခွဲဖို့အတွက် စကားဝိုင်းတစ်ခုကို ဖခင်ဖြစ်သူက စတင်လိုက်သည်။

"ပါပါး ဒီကိစ္စကို အခါခါ စဉ်းစားကြည့်မိတယ် ပြီးတော့ သားတို့ မာမားနဲ့လည်း တိုင်ပင်ပြီးတော့မှ ပြောတာ။ Renjun Injun သားတို့ နှစ်ယောက်လုံးရဲ့ အိမ်ထောင်ရေးကို ဘာတွေဖြစ်ဖြစ် ပါပါးတို့ လက်ခံပေးမယ်"

ပါပါး ပြောတဲ့ စကားကြောင့် ညီအစ်ကိုနှစ်ယောက်လုံး အံသြမိကာ ပါပါးနဲ့ မာမားကို လှမ်းကြည့်လိုက်တော့ ပါပါးက စကားဆက်ပြောသည်။

"ဒါပေမယ့် သားတို့နှစ်ယောက်လုံး ပါပါးကို တစ်ခုတော့ သဘောတူပြီး လုပ်ပေးရမယ်"

"ဘာများလဲ ပါပါး"

ပါပါး ပြောလိုက်သည်ကို Injun မေးလိုက်သည်။

"ပါပါးရဲ့ လုပ်ငန်းတွေကို သားတို့နှစ်ယောက် တာဝန်ဆက်ယူပေးရမယ်"

Renjun ပြန်ပြောဖို့ ပြင်တဲ့အချိန်မှာ မာမားက အရင် စကားပြောလေသည်။

"Renjun Injun မာမားတို့ ဘယ်လောက်တောင် လိုက်လျောပေးထားလဲ ဆိုတာ နားလည်ပေးစေချင်ပါတယ်"

"ဟုတ်ကဲ့"

"ပါပါးတို့ တချို့ စီးပွါးရေး လုပ်ငန်းတွေကို Renjun သားက တာဝန်ယူရမယ်။ သားငယ်ကတော့ ပါပါးတို့ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကမှ စပြီး လုပ်နေတဲ့ ဆောက်လုပ်ရေးပိုင်းကို တာဝန်ယူပေးရမယ်"

"မာမားတို့က သားတို့ အနာဂတ်နဲ့ အဆင်ပြေမယ့် လုပ်ငန်းတွေကို တာဝန်ယူခိုင်းထားတာပါ မားတို့ လုပ်ခဲ့တာတွေထက် ပိုပြီး အောင်မြင်တိုးတက်တဲ့ လုပ်ငန်းတွေ ဖြစ်အောင် သားတို့ကို ချဲ့ထွင်စေချင်တယ် ဒီကိစ္စတွေက သားတို့တက္ကသိုလ်စတက်တည်းက မားတို့ စီစဉ်ထားပြီးသားပါ"

"သားတို့ရဲ့ အိမ်ထောင်ရေးကို ပါးတို့ ဘယ်သူတွေ ဘာပြောပြော လက်ခံပေးမယ် လူတွေ ဝိုင်းပြီး လက်ညှိုးထိုးခဲ့ရင်တောင် တတ်နိုင်သမျှ ကာကွယ်ပေးမယ် ပါပါး ပြောချင်တာ ဒါပါပဲ"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now