Episode 2 (Unicode)

482 53 1
                                    


အပိုင်း (က)

မလာစဖူး လာလည်တဲ့ သူကြောင့် ဦးလေးငယ် အံ့သြနေခဲ့သည်။ ထမင်းစားချိန်ဖြစ်၍ ထမင်းစားပြီးမှ ပြန်ရန် အန်တီငယ် ပြောသောကြောင့် ထမင်းစားဖြစ်ခဲ့သည်။ ညကိုးနာရီထိ ဦးလေးငယ်နှငိ့ စကားပြောဖြစ်ကြသည်။ ဦးလေးငယ်အခန်းထဲက ထွက်လာတော့ ကောင်လေးနေတဲ့ အခန်းကို တစ်ချက်ကြည့်လိုက်မိသည်။

"Good nightပါ ကောင်လေးရေ။ မနက်မှ တွေ့ကြတာပေါ့"

မနက်ကျရင် တွေ့မယ်။ ဟုတ်ပါတယ်။ မနက် ခုနစ်နာရီခွဲလောက် ကောင်လေးကို လာစောင့်မည်ဟု သူတွေးထားသောကြောင့် ဖြစ်သည်။ စောင့်ရသည့် အကြောင်းပြချက်ကတော့ ကောင်လေး တက်တဲ့ ကျောင်းကို သိချင်၍ ဖြစ်သည်။ သို့မှသာ ကောင်လေး သီချင်းဆိုမည့် ပွဲကို သိပြီး ကျိန်းသေပေါက် သွားကြည့်နိုင်မည် မဟုတ်လော။

အိမ်ပြန်ရောက်တော့ ညဆယ်နာရီခွဲနေပြီ ဆိုတော့ ရေချိုးပြီးတာနဲ့ ချက်ချင်း အိပ်ရာဝင်ခဲ့သည်။ မနက်ကျလျှင် စောစောထရမည်လေ။ အရင်နေ့တွေကဆို နာရီနှိုးစက် မည်မျှပင် ဆူညံစေကာမူ မထတတ်။ လာနှိုးရင်တောင် သုံးခါလောက် နှိုးမှ ထတတ်သော သူက ဒီနေ့တော့ နှိုးစက်သံကြားသည်နှင့် မျက်လုံးအစုံက ပွင့်လာခဲ့သည်။ အချိန်ကြည့်တော့ မနက်၆နာရီကို ညွှန်ပြနေသည်။

"ကိုယ်လည်း မင်းကြောင့် မနက်စောစောထဖူးပြီဘဲ ကောင်လေးရေ"

ကုတင်ဘေးက စားပွဲပေါ်မှာ အားသွင်းထားတဲ့ ဖုန်းကို ဖြုတ်လိုက်ပြီး ကျောင်းသွားရန် ပြင်ဆင်လိုက်သည်။ ရေချိုးပြင်ဆင်ပြီးနောက် အောက်ထပ် မီးဖိုချောင်ထဲ မနက်စာ ပြင်ဆင်နေသော အဒေါ်ကြီးကို တစ်ချက်ကြည့်ပြီး စားပွဲပေါ် ဖျော်ထားသော ကော်ဖီကို ခွက်ထဲ ထည့်ကာ သောက်လိုက်သည်။ အဒေါ်ကြီးကတော့ ကိုယ့်ကို အံ့သြဖွယ် အရိပ်အယောင်တွေနဲ့ ထူးဆန်းစွာ ကြည့်နေသည်။

"ဒီနေ့ သခင်လေးက စောစောနိုးနေပါလား။ ကျောင်းအစောကြီး သွားတော့မို့လား"

"အင်း ဟုတ်တယ်။ ကျွန်တော် သွားစရာရှိသေးလို့"

"ဟုတ်ကဲ့။ ဒီမှာ ထမင်းကြော်ရပြီ မသွားခင် စားသွားပါဦးလား"

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now