Episode 23 (Unicode)

359 38 6
                                    

အပိုင်း (က)

"မောင်တို့ လက်ထပ်ကြရအောင်လေနော်"

Jaemin ပွေ့ဖက်ကာ ပြောတော့မှ ပိုပြီး ငိုရှိုက်လာတဲ့ Renjun ပါပင်။ Jaemin စောင်ကို ဖယ်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်တော့ အလိုက်သင့် ပါလာသည်။

"မောင် တောင်းပန်ပါတယ် မောင် သေချာမသိခဲ့ပဲ အပြစ်တင်ခဲ့မိလို့ တောင်းပန်ပါတယ် မငိုပါနဲ့တော့ တိတ်ပါ မောင် တောင်းပန်ပါတယ် အူကြူးရယ် တောင်းပန်ပါတယ်"

Renjun ရှိုက်သံလေးတွေ တိတ်သွားပြီး အိပ်ပျော် သွားခဲ့သည်။ သို့ပင်ငြား အိပ်နေရင်းမှ တစ်ချက် တစ်ချက် ထ ထ ရှိုက်သေးသည်။
Jaemin, Renjun ခေါင်းလေးကို အသာအယာ ပွတ်ပေးရင်း ငေးကြည့်မိသည်။

နဂို လူကောင်သေးတဲ့ သူက အလုပ်တွေ ပင်ပန်းပြီး စိတ်ဖိစီးမှု များတဲ့အတွက် ပိန်သွားလိုက်သည်မှာ အဆမတန်။ အရင်ကထက် ဝိတ်တွေလည်း ကျသွားသည့်အတွက် Jaemin ဖက်လိုက်တာနဲ့ စွေ့ကနဲပင် အလွယ်တကူ ချီနိုင်သည်။

Renjun ပြန်နိုးလာတော့ ည ၇ နာရီ ရှိတော့မည်။ ငိုထားရသည်ကြောင့်ရော ဖျားနေသည်ကြောင့်ရော ခေါင်းက နဂိုထက် ပိုကိုက်နေသည်။ Renjun ခေါင်းကို ဖိကိုင်ပြီး အိပ်ရာမှ အသာအယာ ထလိုက်သည်။

ရေချိုးခန်းဆီ လျှောက်နေရင်း နီးကပ်လာတဲ့အခါ မွှေးပျံ့လာတဲ့ ရေချိုးဆပ်ပြာ အနံ့မွှေးမွှေးလေးကြောင့် အထဲမှာ Jaemin ရေချိုးနေမှန်း သိလိုက်ရသည်။ အိပ်ရာပေါ်ထိ ပြန်မလျှောက်ချင်မို့ အနီးအနားမှာပဲ ထိုင်စောင့်နေလိုက်သည်။

Jaemin ရေချိုးပြီး ထွက်လာတော့ အပေါက်ဝနားမှာ ထိုင်နေတဲ့ Renjun ကို တွေ့လေသည်။
သူ့ကို ငေးကြည့်ပြီး မတ်တပ်ထရပ်ဖို့ ပြင်နေတဲ့ Renjun ကို Jaemin လည်း ကူပြီး ထူပေးလိုက်သည်။

"ရေချိုးတာက ကြာလိုက်တာ"

"အာ ဆောရီး အိမ်သာသွားချင်လို့လား"

"အင်း ဖယ်"

"အင်း သွား သွား"

Jaemin လည်း Renjun ကို ဖယ်ပေးလိုက်ပြီး အဝတ်အစားလဲလိုက်သည်။ Renjun အိမ်သာက ထွက်လာပြီး ကုတင်ပေါ် ထိုင်တော့ သူ့ဘေးနားကပ်ကာ Jaemin ထိုင်လိုက်သည်။ ခေါင်းကို ဖိကိုင်ထားသည့် အမူအရာတွေ့တော့

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now