Episode 1 (Unicode)

904 64 2
                                    


အပိုင်း (က)

မနက်စောစော ဟန်မြစ်နား လေ့ကျင့်ခန်းလုပ်နေရတဲ့ Renjun။ သူတစ်ယောက်တည်းဆိုလျှင် လုပ်ဖြစ်မည်မဟုတ်။ မားမားနှင့်ပါပါးက ကျန်းမာရေးကောင်းအောင် လုပ်ကိုလုပ်ရမည်ဟုပြောပြီး ဆွဲခေါ်လာလို့သာ သူ့ခင်မျာ လိုက်ခဲ့ရခြင်းဖြစ်သည်။ ဆူပုတ်ပုတ် မျက်နှာနဲ့ Renjun ကို ပါးပါးနှင့် မားမားက ပြုံးစိစိနှင့်သာ ကြည့်နေတယ်။ လေ့ကျင့်ခန်းလုပ်သာလုပ်နေတာ မျက်လုံးက မပွင့်တပွင့်။ နေနည်းနည်းထွက်လာ​တော့ လေ့ကျင့်ခန်း လုပ်တာကို ရပ်လိုက်ကြသည်။ ထိုချိန်ကျမှ မျက်လုံးလေးက ဘလင်း ဘလင်း ဖြစ်လာသည်။ မနက်တိုင်း လေ့ကျင့်ခန်းလုပ်ပြီး ဝင်စားလေ့ရှိသည့် အနီးအနားမှာရှိတဲ့ ကော်ဖီဆိုင်လေးဆီ မုန့်စားရန် သွားကြသည်။

မုန့်ဆိုင်ရောက်တော့ မုန့်မှာပြီးတဲ့နောက် view ကောင်းတဲ့ နေရာ၌ မိသားစုသုံးယောက် ထိုင်လိုက်ကြသည်။ ဖုန်းကိုကြည့်နေရင်းမှ ပါးပါးစကားသံကြောင့် RenJun သုံးလက်စ ဖုန်းကိုပိတ်ပြီး ပါးပါး ပြောသည်ကို အာရုံစိုက်လိုက်သည်။

"သား ပါးပါး ပြောစရာရှိတယ်"

"ဟုတ် ပါးပါး"

"ပါးပါးနဲ့မားမား နောက်အပတ် အဂ်ါနေ့ တရုတ်ပြန်တော့မယ်"

"ဟင် ရောက်တာတောင် သိပ်မကြာသေးတာကို"

"တစ်လရှိပြီလေ သားရဲ့"

"သားပါးပါးအလုပ်တွေလည်း ပုံနေလောက်ပြီလေ သားရဲ့။ ပြီးတော့ မားလည်း အလုပ်တွေ ရှိသေးလို့"

"အင်းပါ ဟိုရောက်ရင်လည်း ကျန်းမာရေးဂရုစိုက်။ အလုပ်တွေချည်း မလုပ်ကြနဲ့။ သားကိုလည်း စိတ်မပူနဲ့။ သားက ဒီမှာ အဆင်ပြေတယ်။
ပါးနဲ့မားလည်း မြင်တဲ့အတိုင်းပဲ"

"အင်းပါ သားရဲ့"

"သား စာလည်းသေချာလုပ်။ သွားသတိ၊ လာသတိနဲ့နေနော်။"

"ဟုတ် မားမား"

"မုန့်တွေရောက်လာပြီ စားကြရအောင်"

အပိုင်း (ခ)

"Renjun ahh" အတန်းထဲ အလောတကြီး Renjun နာမည်ခေါ်ပြီး ပြေးဝင်လာတဲ့ Jeno။

Photographer & Guitarist [JaemRen+NoRen]Where stories live. Discover now